💌8💌

546 44 13
                                    

Unicode

ဂျီမင်း အိမ်သို့ သူဌေးစီစဉ်ပေးလိုက်သော ကားနှင့် ပြန်ဖြစ်သည်။ ညီမလေးနှင့် ကြီးမေတို့ကိုလည်း အရမ်းလွမ်းနေပြီဖြစ်သည်။ မွေးနေ့လေးမှာ အမှတ်တရဖြစ်အောင် အချိန်ကောင်းကောင်းကုန်ဆုံးပစ်မည်ဟူသော အတွေးနှင့် ဂျီမင်းအလွန်ပင် ပျော်ရွှင်နေခဲ့သည်။

Hyung တဲ့။
သူဌေးက သူ့ကို Hyung တဲ့လေ။

"Hyung"

ရုတ်တရက် ဂျောင်ဂုနှုတ်မှ ထွက်လာသောစကားကို ဂျောင်ကု ကိုယ်တိုင်လည်း အံ့ဩသွားမိသလို အပြင်ထွက်ရန် ပြင်နေသည့် ကကောင်လေး၏ ခြေလှမ်းတွေဟာလည်း တုံ့ခနဲ။

Hyung တဲ့။
နားကြားမှားတာတော့ မဟုတ်ဘူးမလား။

ဂျီမင်း အပြင်ထွက်ဖို့ တံခါးဆီလှမ်းနေရာမှ နောက်ပြန်လှည့်ကြည့်လိုက်တော့ သူ့အား ကြည့်နေသော မျက်လုံးဝိုင်းဝိုင်းလေးတွေနှင့်ဆုံသည်။

"ကျွန်တော့်ကို ခေါ်တာလား သူဌေး"

"ည‌နေအမှီ   ပြန်လာခဲ့လို့ပြောမလို့
သွားတော့  ဂျီမင်း"

သူဌေးသည် ခုနက Hyung လို့ခေါ်ခဲ့သည်မှာ သူမဟုတ်ခဲ့သလို ပြောလာသည်။ တစ်ခါတစ်ရံ သူဌေးသည် သိပ်ကို ခန့်မှန်းရ ခက်ပါသေးသည်။

ဂျီမင်းသည် အိမ်ပြန်သည့် လမ်းတစ်လျှောက် သူ၏မွေးနေ့ပွဲကို ဘယ်လိုလုပ်မည်ဆိုတာကိုတွေးရင်း ပျော်ရွှင်နေခဲ့သည်။
နှစ်စဉ် သူ၏မွေးနေ့ရောက်တိုင်း ကြီးမေက သူတို့အား ယာဂုတိုက်လေ့ရှိသည်။ ‌သူ လိုချင်သမျှလက်ဆောင်တို့ကို မွေးနေ့လက်ဆောင်ဆိုပြီး ပေးတတ်သော ဘိုးအကြောင်းတွေးမိပြန်တော့ မျက်ဝန်းတို့တွင် မျက်ရည်များစိုစွတ်လာရသည်။

အခုဆိုလျှင် ဘိုး၏မြေးလေးသည် မိသားစုကို ပြန်လည် လုပ်ကျွေးနိုင်ပြီဖြစ်ကြောင်း၊ အရင်လို အားမငယ်တတ်တော့ကြောင်း ဘိုးကို အင်မတန်မှကို ပြောပြချင်ပါသေးသည်။

သူ့ကို ကောင်းကင်ဘုံမှ ဘိုး ကြည့်ရင်း ဂုဏ်ယူပါ‌စေတော့။

"အကိုလေး ရောက်ပါပြီ"
ဒရိုင်ဘာ ကားရပ်ပေးသည့်အခါ သူလည်း ခပ်သွက်သွက်ဆင်းကာ ကျေးဇူးတင်ကြောင်းဆိုလိုက်သည်။

"HYUNG"حيث تعيش القصص. اكتشف الآن