💌7💌

477 47 6
                                    

Unicode

ဂျောင်ကုသည် သူ့Nectieကို စည်းပေးနေသော ကောင်လေးအား ငုံ့ကြည့်လိုက်သောအခါ ပန်းဆီရောင် နှုတ်ခမ်းနုထွေးထွေးတစ်စုံက မျက်လုံးထဲတွင် နေရာယူလာသည်။
စိတ်ရှိတိုင်းသာ ပွေ့ဖက်နမ်းရှုံ့ရရင်ဖြင့် .....။

စိတ်သည် အတွေးထက်မြန်သည်ဆိုတာ တကယ်မှန်ပေသည်။ ဂျောင်ကု အတွေးပင် မဆုံးလိုက် ထို အနှီကောင်လေးရှိရာ အနားတိုးသွားမိသည်။ ထိုအခိုက် သူ့အား မော့ကြည့်လာသော အရည်ရွှန်းလဲ့နေသော မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့် သူ့ ကမ္ဘာ ခေတ္တရပ်တန့်သွားသယောင်။

မှင်သက်သွားတယ်ဆိုတာ ဒါမျိုးလား။
အသက်ရှုဖို့အတွက် မေ့လောက်သည်ဟု ဆိုလျှင် သူ့ကို ပိုကိုပိုသည်ဟု ဆိုကြမလားပဲ။

အကြင်သူ၏ မျက်နှာလေးနားဆီ ငုံ့ကာသွားတော့ အလျင်စလို ရှောင်ဖယ်သွားသော အိန်ဂျယ်လေးကြောင့် သူ့ဘယ်ဘက်ရင်အုံက တချက်စူးအောင့်သွားသည်။

ငါ အဆင့်တွေ ကျော်သွားခဲ့တာပဲ။

သူရင်ခုန်သံ တည်ငြိမ်အောင် ထိန်းနေချိန်တွင် အိန်ဂျယ်လေးဟာဖြင့် အခန်းပြင်သို့ ရောက်သွားခဲ့လေပြီဖြစ်သည်။

အခန်းပြင်က ကောင်လေးသည်လည်း ထိုအခန်းတံခါးပြင်တွင် ကျောမှီရပ်နေရင်း ရင်ဘတ်တစ်စုံအား ဖိထားကာ တိုးတိုးလေးရေရွတ်မိသည်။

"ငါ နှလုံးရောဂါများ ဖြစ်နေတာလား"

ရင်ဘတ်က မူမမှန်လို့ တဒုတ်ဒုတ်ခုန်နေသံကို သူပြန်ကြားနေရသည်။ဒါဆို အရင်ကလည်း နှလုံးခုန်နေတာပဲမလား။ လူဆိုတာ နှလုံးခုန်မှ အသက်ရှင်ကြတာလေ။ အခုလို အင်မတန် ရင်ခုန်နှုန်း မြန်နေတာ ဘာကြောင့်များလဲ။နှလုံးရောဂါ ဖြစ်ချင်နေတာပဲ ဖြစ်မယ်။

ထိုအခိုက် တံခါးဆွဲဖွင့်လိုက်သော သူဌေးကြောင့် နောက်သို့ လဲကျ‌သွားမည်ထင်ကာ မျက်စိစုံမှိတ်ထားလိုက်သည်။ သို့သော် ထင်ထားသလို သူ့ကျောပြင်နဲ့ ကြမ်းပြင်ဟာ မိတ်မဆက်ခဲ့ဘဲ နွေးထွေးသော ရင်ခွင်ကျယ်ကြီးဆီ ကျသွားလေသည်။

သူ အလျင်မြန်ပင် ထလိုက်ကာ သူဌေးအား ငုံ့ကာ အရိုအသေပေးလိုက်သည်။ ထိုအခါ ဘာစကားမှ မဆိုဘဲ ထွက်သွားသော သူဌေးကြောင့် သူ သူဌေးနောက်ကိုသာ ထပ်ကြပ်မကွာ လိုက်သွားလိုက်သည်။

"HYUNG"Where stories live. Discover now