💌3💌

442 50 2
                                    

Unicode

"ကိုကို"
ညီမလေးပတ်ဂျီဟို၏ ခေါ်သံကြောင့် သူ ပန်းချီရေးဆွဲနေရာမှ နောက်လှည့်ကြည့်လိုက်သည်။

"ဂျီဟိုရား ငိုထားတာလား"

"အဟင့် .....ကိုကို"
ရုတ်ချည်းဆန်စွာ ညီမလေးက သူ့ဆီပြေးလာကာ ဖက်ပြီးငိုလေတော့သည်။

"ညီမလေး ဘာဖြစ်လို့လဲ
ကိုကို့ကိုပြော"

"ဘိုးလေ.....ဘိုး သတိမေ့သွားလို့တဲ့"

"ဟင်"

"အခု ဆေးရုံမှာ
သတိမရသေးဘူး...
ပြီးတော့ .."

"ဘိုး ဆီသွားကြရအောင်"
သူ့ပြောစကားကို ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသော ညီမလေးသည် အိမ်ဖုန်းကို တစ်ယောက်ယောက်ဆက်၍ ဘိုးသတိမေ့သွားကြောင်းသိသည်နှင့် သူ့ဆီ ချက်ချင်းလာပြောဟန်တူသည်။

သူလည်း ဆေးရောင်စုံတွေ စွန်းထင်းနေသော အဝတ်အစားကိုပင် မလဲနိုင်ပဲ အိမ်ကအသင့်ရှိသည့်ကားနှင့်ပင် ဘိုး ရှိသော ဆေးရုံဆီသို့။

"ကြီးမေ ....ဘိုး သက်သာရဲ့လား"
စိုးရိမ်ပူပန်စိတ်ကြောင့် သူနှလုံးခုံမြန်နေကာ အနည်းငယ်မောဟိုက်သော်ငြား ဘိုး ကိုသာ စိတ်ပူနေမိသည်။

"သား သားရဲ့ ဘိုး မရှိတော့ဘူး"

"......"

ဆေးရုံကြမ်းခင်းပေါ် ဒူးထောက်ထိုင်ချမိတော့ ညီမလေးက သူ့ပုခုံးလေးကို ပွေ့ဖက်ကာ တအီအီငိုပါလေတော့သည်။
သူလည်း သူ့ညီမလေးကို တဖန်ပြန်လည်ပွေ့ဖက်ကာ ငိုကြွေးနေမိပါတော့သည်။

_______________"HYUNG "                     

လူကုံထံအသိုင်းအဝိုင်းဖြစ်သော LAVENDER GRACE မှ သူဌေးဖြစ်သူ၏ ဈာပနမို့ စိတ်ရင်းနဲ့ဟုတ်ဟုတ် မဟုတ်ဟုတ် လာရောက်ဂုဏ်ပြုသူများက ဒုနဲ့ဒေးပင်။

ဘိုးရဲ့ ဓာတ်ပုံလေးရှေ့ တစ်ပွင့်စီထားရှိလာသော ပန်းလေးတွေနှင့် ဝမ်းနည်းခြင်းကို ဖော်ပြသော ပန်းခြင်းတွေ၊ ပန်းခွေတွေကလည်း အမြောက်အမြားပင်။

ကြီးမေနှင့်တကွ ဂျီမင်းတို့မောင်နှမနှစ်ယောက်လုံးသည် အနက်ရောင်ကိုယ်စီဝတ်ထားကြကာ တက်ရောက်ကြသူများလည်း အနက်ရောင်ကိုယ်စီနှင့်ပင်။

"HYUNG"Tempat cerita menjadi hidup. Temukan sekarang