💌6💌

476 50 5
                                    

Unicode

"ဒီမှာ ခဏထိုင်စောင့်ပေးပါ"
အနက်ရောင် ဝတ်စုံပြည့်နှင့် လူတစ်ယောက်က ကျယ်ဝန်းခမ်းနားလှသော ဧည့်ခန်း၏ ဆိုဖာထက်တွင် သူ့အား ထိုင်စောင့်ခိုင်းသည်။

မနက်ဖြန် ကားလွှတ်လိုက်မယ်ဟူသော သူဌေး5813ကြောင့် အကိုဂျင်ရဲ့ ကော်ဖီဆိုင်လေးကို ဒီနေ့ပိတ်ရက်ယူထားခြင်းသာ။

မနက်ကိုးနာရီခန့်တွင် မာစီးဒီးကားနက်စွေးစွေးကြီးက သူတို့အိမ်ရှေ့တွင် လာရပ်ကာ ဟွန်းသံနှစ်ဆင့်ပေး၏။

ဒီနေ့ကျောင်းပိတ်ရက်မို့ ညီမလေးက အိမ်မှာ ရှိသည်။ ထိုအခါ အပြင်မထွက်တာကြာပြီဖြစ်သော ကြီးမေနှင့်အတူ မြို့ထဲထွက်သွားကြသည်။ မနေ့ညက သူ့ကြောင့်  ပန်းအိုးကွဲသွားတဲ့ အဖြစ်အပျက်ကိုတော့ ပြန်မပြောဖြစ်ခဲ့။ ဒီကိစ္စ၊ ဒီအကြွေးသန်းနှစ်ထောင်အား သူ့နည်းသူ့ဟန်ဖြင့် ဖြေရှင်းမည်ဟု စဉ်းစားထားသည်။ သက်သက်မဲ့ ကြီးမေနှင့် ညီမလေးအား စိတ်မကောင်းမဖြစ်စေချင်သောကြောင့်ပင်။

ထိုကားရောက်လာတော့ သူလည်း အိမ်တံခါးသော့ခတ်ကာ ကားပေါ်တက်လိုက်သည်။ ကားထဲတွင် ဒရိုင်ဘာတစ်ယောက်သာ ရှိသည်။ ထိုဒရိုင်ဘာကလည်း သူကားပေါ်တက်သည်နှင့် တစ်ပြိုင်နက် စကားတစ်ခွန်းတစ်ပါဒပြောခြင်းမရှိဘဲ မောင်းထွက်သွားလေသည်။ ကြည့်ရတာ သူဌေး5813သည် အတော်လေး စည်းစနစ်ကျကာ စနစ်ကျပုံရသည်။

ဒါနဲ့သူ ဘာကြောင့်များ သူဌေး5813လို့ခေါ်တာလဲ သိကြမှာပေါ့။
Havana clubရဲ့ အခန်း 5813ရဲ့ ပိုင်ရှင် သူဌေးဖြစ်လို့ သူ ဒီလို ခေါ်ခြင်းသာ။
အင်း....တနည်းပြောရရင် သူဌေး5813ဆိုတာဟာ စိတ်ထဲက သူပေးထားသည့် nicknameဖြစ်သည်။ သူဌေးနာမည်က ဘယ်သူလဲ ပြောဖူးတာလား၊ မပြောဖူးတာလားတော့ မမှတ်မိတော့ ။ ညတိုင်း room no.5813ဆီ သွားကာ ဝိုင်ငှဲ့ပေးရသည်။ သူ ငှဲ့ပေးသော ဝိုင်တွေကိုသာ ဇိမ်ခံကာ သောက်ကာ ဘာစကားမှ မဆိုတာမို့ သူ အိပ်ငိုက်မိတာလည်း ခဏခဏပင်။ တောင်တွေးမြောက်တွေး တွေးနေတုန်းမှာ ကား ရပ်သွားလေတော့သည်။

"ဆင်းလို့ရပါပြီ အကိုလေး"

လူတစ်ဉီးက ကားတံခါးဆွဲဖွင့်ကာ သူ့အား ကြိုဆိုသည်။ ကားထဲက ထွက်လိုက်သည်နှင့် မြင်ရသည်မှာ အရောင်ခပ်မှိန်မှိန်ရှေးဟောင်းပုံစံအိမ်ကြီးတစ်လုံး။

"HYUNG"Where stories live. Discover now