💌4💌

415 54 6
                                    

Unicode

အနက်ရောင်ဆိုဖာကြီးထက် ​ခြေချိတ်ထိုင်နေသော လူတစ်ဉီး။
ခေါင်းမှ ဆံပင်တွေဟာ ပုံသွင်းထားသလို ခွဲကြောင်းညီညာသပ်ရပ်စွာ။
လက်တစ်ဖက်တည်းမှာပဲ အပြည့်ထိုးထားသည့် တက်တူးအစီအရီဟာ တော်ရုံလူတွေအတွက် အကျည်းတန်ကောင်းတန်ပါလိမ့်မည်။ သို့သော် ဂျွန်ဂျောင်ကု ဆိုသောသူ့အဖို့ ကြည့်ကောင်းခြင်းတွေကို ထပ်မံပံ့ပိုးထားသယောင်၊ ပိုမိုဆွဲဆောင်မှုရှိလာစေသည်။

"Boss.....နယ်စပ်မှာ Mr.Leeတို့ တွေ့ဖို့ချိန်းထားပါတယ်"
တူညီဝတ်စုံ Suite အပြည့်နှင့် သူ့၏ ပီအေ။

"မှာထားတဲ့ ပစ္စည်းတွေ အကုန်ပြည့်စုံအောင် စစ်လာဖို့ ပြောလိုက်
အရင်တစ်ခါကလို ထပ်ဖြစ်မယ်ဆို အသက်ကို အာမမခံနိုင်ဘူးလို့"
သွေးအေးစွာ ပြောပြီးတဲ့နောက်မှာ သူ့အခန်းထဲသို့ ပြန်လာလိုက်သည်။

အခန်းနံရံထက်က ပန်းချီကားပေါင်းမြောက်မြားစွာသည် သူ့ကို လွန်စွာ စိတ်သက်သာရာ ရစေသည်။

"မောင့် အချစ်လေး
နေကောင်းရဲ့လား "

သူ ရေးဆွဲထားသည့် ပန်းချီတစ်ချပ်ချင်းစီတိုင်းသည် ငေးကြည့်ခဲ့ရသော အလှတရားလေးကို ကိုယ်စားပြုသည်။

မူးယစ်ဆေးရောင်းဝယ်ဖောက်ကားရေးလောကမှာ J ဆိုလျှင် အားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရသည်။
အရယ်အပြုံးမရှိသည့်အပြင် အကြည့်တွေကပါ စူးရှနေသောအခါ မြင်ရသူအဖို့ အလိုလိုနေရင်း ရှိန်လာစေသည်။

သို့သော် ထိုအရယ်အပြုံးမရှိသူ လူသားကို ပြုံးအောင်လုပ်နိုင်သည့်အရာလေးရှိကြောင်းသာ သိကြရင် မူးယစ်ရာဇာကြီးကို လှောင်ကြမည် လား။

တွေးလက်စ အတွေးတို့ကို ဖြတ်တောက်ကာ ချိန်းထားသော နေရာသို့သွားရန် ပြင်လိုက်သည်။ ဂျွန်ဂျောင်ကုဆိုတာ သူကိုယ်တိုင်လည်း အချိန်တိကျသလို အချိန်တိကျမှလည်း သဘောကျတတ်သည်။

အချိန်မလေးစားတာတို့၊ သစ္စာဖောက်တာတို့
လာမလုပ်နှင့်။
နောက်နေ့ထွက်မည့်နေရောင်ကိုပါ မမြင်ရအောင် ချက်ချင်း နိဂုံးချုပ်ပေးတတ်သည်။

"HYUNG"Where stories live. Discover now