💌5💌

454 47 2
                                    

Unicode

"သူဌေး......ကျွန်တော် ရောက်ပါပြီ "

မှေးစက်နေရာမှ ကြားလိုက်ရသော အသံတိုးညှင်းညှင်းလေးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
ခေါင်းငုံ့ထားသော ကောင်လေးကို မီးရောင်မှိန်မှိန်အောက်တွင် သဲကွဲစွာ မမြင်ရသေးပေမဲ့ သူ့ နှလုံးခုန်သံတွေ မြန်နေခဲ့ပါသည်။

"ငါ့ကို ကြည့်စမ်း "
ခပ်မာမာ အမိန့်စကားဆိုတော့ မော့ကြည့်လာသော မျက်နှာလေးကြောင့် မိနစ်တွေ၊ စက္ကန့်တွေဟာ ရပ်တန့်သွားသယောင်။

"အိန်ဂျယ်လေး"
အံ့သြမှုကြောင့် နှုတ်ဖျားမှ ရုတ်တရက်ဆိုသလို ထွက်သွားသော အမည်နာမကြောင့် ထိုကောင်လေးမှာ မျက်လုံးပြူးစက်စွာဖြင့် သူ့ကို ကြည့်လာသည်။

"ထိုင်"

"...."

"ပြူးကြည့်မနေနဲ့ လာထိုင် "

"ဟုတ် "
နှစ်ချို့ဝိုင်ပုလင်းလေးကို ကိုင်ထားသော လက်ဖောင်းဖောင်းလေးတွေဟာ အသဲယားစရာအတိ။
ပုလင်းအဖုံးကို ဖွင့်သည်ကအစ ဖန်ခွက်ထဲသို့ လောင်းထည့်ပေးသည့်တိုင် အမူအယာတစ်ခုချင်းစီတိုင်းကို မျက်လုံးများမှေးစင်းကာ အသေးစိတ်ကြည့်နေမိသည်။
ဝတ်ထားတဲ့ အဖြူအမဲ ဝမ်းဆက်လေးနှင့် ဖြီးသင်ထားခြင်းမရှိပုံရသော ဆံပင်အုပ်အုပ်လေးများက နဖူးပေါ်သို့ ဝဲဝဲဝိုက်ဝိုက်လေးကျလျက်။
မှေးကျဉ်းသော မျက်လုံးအစုံက ညှို့အားပြင်းလိုက်ပုံများ အေးအေးဆေးဆေး လူသတ်နိုင်သည့် ဂျွန်ဂျောင်ကု၏ ရင်ကို အဆမတန်ခုန်စေသည်။

မျက်နှာအစိတ်အပိုင်းတစ်ခုစီကအစ သူ့အဖို့ ရူးသွားရန်လုံလောက်ပါသည်။

"ရပါပြီ သူဌေး"
ဝိုင်ခွက်လေး ကမ်းပေးသော လက်အစုံပေါ် သူ တမင်တကာ အုပ်ကိုင်ကာ ဖန်ခွက်လေးကို ယူလိုက်တော့ တွန့်ခနဲ ဖြစ်သွားသော ကိုယ်ငယ်လေးမှာ သူ့ကို ကြောက်ရွံ့နေဟန်။

"နာမည် ဘယ်လိုခေါ်လဲ "

"ဟင် "

"နာမည် ဘယ်လိုခေါ်လဲ မေးနေတာ မကြားဘူးလား.... စကားကို နှစ်ခါ ပြောရတာလောက် စိတ်ရှုပ်စရာ ကောင်းတာမရှိဘူး"

"HYUNG"Where stories live. Discover now