💌2💌

570 53 8
                                    

Unicode

"ဂျွန်ဂျောင်ကု"

"ဂျွန်ဂျောင်ကု ထစမ်း တိုက်ခန်းငှားခ ဘယ်တော့ပေးမလဲ"
လကုန်ပြီး နောက်တစ်ရက်ဆို လော်စပီကာမကြီး ရောက်လာပေပြီ။
ထိုလော်စပီကာမကြီးက အခြားသူမဟုတ်၊
ဂျွန်ဂျောင်ကုနေသော တိုက်ခန်းပိုင်ရှင်ပင်။
စျေးသက်သာသည့်အပြင် သူနေသည့်နေရာက ချောင်ကျသည်မို့ တော်ရုံတန်ရုံလူဆို လာနေမှာ မဟုတ်သည့် နေရာမျိုးပင်။
မြို့ပြင်မရောက်တရောက်နား ဖြစ်ပေမဲ့ လူနေအိမ်ခြေမနည်းလှပါ။
ဒီလလည်း တရက်လေးတောင် အစွန်းမခံ အကြွေးရှင်ကြီးလို အိမ်လခမပေးလျှင် ပေါက်ပေါက်ဖောက်အုံးမည်။
အိပ်ယာမှ စိတ်ရှုပ်ရှုပ်ဖြင့် ထလိုက်ပြီး
ခေါင်းမှဆံပင်များကို တချက်ဆွဲဖွကာ အချိန်ပိုင်းလုပ်အားခစုထားသည်တို့ကို
တံခါးဖွင့်ကာ အမြန်အဆန်ပင် ပေးလိုက်သည်။

"ဒီမှာ နားပူတယ်ဗျာ
စောစောစီးစီး "

"မင်းဆီက ပိုက်ဆံ ရပြီးရင် ဘယ်နှခါများ
ပူညံပူညံလုပ်တော့လို့လဲ"
ဒါလည်း မှန်တာပဲ။
သူ့ဆီက အိမ်လခရပြီးတာနဲ့ အရိပ်တောင် မမြင်ရတော့ပါ။

ဒီနေ့ကျောင်းပိတ်ရက်ပေမဲ့ နေ့စဉ် ရက်မပြတ် သွားရောက်ငေးကြည့်ရသည့် သက်ရှိအလှတရားလေးဆီ ငေးမျှော်ကြည့်ရအုံးမည်။ အဝတ်အစားအတွက် ခေါင်းရှုပ်မခံချင်၍ ရှပ်ခပ်ပွပွတစ်ထည်နှင့် ဘောင်းဘီတစ်ထည်ကို လွယ်လွယ်ပင်ကောက်စွပ်လိုက်သည်။ ဉီးထုပ်အမဲရောင်ကို ခပ်ငိုက်ငိုက်စောင်းကာ သူ့၏ ခြေလှမ်းတို့သည် ထိုအလှတရားလေးရှိရာဆီသို့။

"ဂျောင်ကု...... ဟျောင့် ဂျောင်ကု"

"ဘာလဲ "
နောက်မှ အတင်းစွတ်ခေါ်နေသူမှာ သူ့ရဲ့ နှစ်ယောက်မရှိနိုင်သော သူငယ်ချင်းဆူဟိုပင်။
ဘယ်လိုပဲ မိန်းမကြီးလို ကတ်သပ်ပြောတတ်ပေမဲ့ ဆူဟို့ကိုတော့ သူတကယ်ခင်ပါသည်။
သူ့အပြောအဆိုတွေ အနည်းငယ်တော့ မာနိုင်ပေမဲ့ ဒါကိုက သူ့စတိုင်လ်ဖြစ်နေတာတော့ မတတ်နိုင်ပေ။

"မင်း အဖေက မင်းကို အိမ်ခဏ ပြန်လာပါအုံးတဲ့"

"အာရုံပဲ"

"ငါ့ဆီကို ဖုန်းဆက်ပြောတာ
မင်းက ဖုန်းမကိုင်ဘူးဆို"

"မကိုင်ချင်လို့ "
ဆူဟို့အား စကားဆက်ပြောချင်စိတ်မရှိတော့၍ ခြေလှမ်းတွေအား ရှေ့ဆက်ရန် ပြင်လိုက်၏။

"HYUNG"Where stories live. Discover now