💌9💌

458 31 4
                                    

Unicode

"ဟင် သူဌေး"

သူဌေးက ငါ့အခန်းထဲ ဘယ်လိုလုပ်ရောက်နေတာလဲ။
ဂျီမင်း၏ အခန်းထဲရှိ ဆိုဖာပေါ်မှာ အိပ်ပျော်နေသော သူဌေး 5813ရယ်ပါ။ထို ဆိုဖာနားသို့ ဂျီမင်းတိုးကာသွားလိုက်သည်။ သူဌေးသည် အလွန်စည်းစနစ်ကျသူမို့ ဂျီမင်း သူဌေးအား ရှိန်လည်းရှိန်၊ ကြောက်လည်း ကြောက်ပါသည်။ သို့ရာတွင် အခုလို အိပ်နေပုံလေးကို ကြည့်ပြန်တော့လည်း ပကတိကလေးလေးအတိုင်း။

" ဟမ် ဂျီမင်း ပြန်ရောက်ပြီလား "

ဂျီမင်း သူဌေးအား ငေးကြည့်မိတုန်း သူဌေးက နိုးလာသည်မို့ လူမိသွားသော ကောင်ကလေးသည် ချက်ချင်းဆိုသလို ခေါင်းငုံ့အရိုအသေပေးလိုက်တော့သည်။

" ကျွန်တော်ပြန်ရောက်ပါပြီ "

" ခနနေရင် လသာဆောင်ကို လိုက်လာခဲ့ပါ
အဲ့တာကို ပြောဖို့ ဂျီမင်းကိုလာစောင့်နေတာကို ဘယ်လိုအိပ်ပျော်သွားမှန်းကိုမသိဘူး "

သူဌေးက ပြောပြီးပြီးချင်း အခန်းထဲက ထွက်သွားလေတော့သည်။ ဂျီမင်းလည်း သူဌေး၏ စကားအတိုင်း လသာဆောင်သို့သွားရန် ပြင်လိုက်ပါတော့သည်။

သူဌေး5813၏ အိမ်သည် နှစ်ထပ်ဖြစ်ကာ အပေါ်ဆုံးအထပ်တွင် လသာဆောင်လေး လုပ်ထားသည်။ ထိုနေရာသည် သူဌေး ခွင့်ပြုချက်မရဘဲ သွားခွင့်မရဟူ၍ သူ့အား ပြောဖူးသည်။ အခု သူဌေးက သူ့ကို ခေါ်သည်မို့ လသာဆောင်သို့သွားရာ လှေကားထစ်အတိုင်း တက်လာခဲ့လိုက်သည်။ ထို့နောက် တံခါးကို ခေါက်ကာ

" သူဌေး ဂျီမင်း ရောက်ပါပြီ "

ထိုအခါ တံခါးလာဖွင့်ပေးသော သူဌေးကိုကြည့်ရင်း သူအံ့ဩသွားမိသည်။ အနက်ရောင် suit တွေကိုသာသဘောတကျ ဆင်မြန်းတတ်သူက ဒီနေ့တော့ အဖြူရောင် ရှပ်အင်္ကျီလေးနဲ့ စတိုင်ပင်အနက်ရောင်ကိုတွဲဝတ်ထားကာ သူကိုယ်တိုင်ကလည်း အဖြူရောင်ရှပ်အင်္ကျီကို ဘောင်းဘီတိုအဖြူလေးနဲ့ ပေါ့ပေါ့ပါးပါးပင်တွဲဝတ်ထားခဲ့သည်။ သူ ဒီလိုဝတ်တာက အဆန်းတကြယ်မဟုတ်လှပါ။ အမြဲဝတ်နေကျပေမဲ့ သူဌေး အခုလိုဝတ်တာကို တခါမှ မမြင်ဖူးသောကြောင့် အထူးအဆန်းဖြစ်မိသည်။ တဆက်တည်းမှာပင် လူငယ်ဆန်သောပုံစံလေးကို မြင်ရသည်မှာ တကယ်ကို ချစ်စဖွယ်ကောင်းလှသည်ဟု ထင်မိသည်။

You've reached the end of published parts.

⏰ Last updated: Oct 26, 2023 ⏰

Add this story to your Library to get notified about new parts!

"HYUNG"Where stories live. Discover now