Beginning

1.6K 217 63
                                    

Unicode

" ထစမ်း ! ထစမ်း ! ! ထစမ်း ! ! ! "

တင်ပါးပေါ် တဖြန်းဖြန်းရိုက်နှိုးသည့်
မားမားလက်ဝါးချက်တွေနှင့်အတူ
သူ့မနက်ခင်းဟာ အစပြုလာပါပြီ ။


" ဘာတုန်း မားမားရာ !
ဒီနေ့ကျောင်းပိတ်တယ်လေ "

ခေါင်းအုံးအောက်ထဲ ခေါင်းသျှို၀င်လိုက်ရင်း ညည်းညူမိတော့ ထပ်အရိုက်ခံရပြန်သည် ။

" ငါ့ကို စျေးလိုက်ပို့ပေးစမ်း ! "

" မပို့ချင်ဘူး~ အိပ်ချင်တယ်~ ကျို့ကျို့နဲ့သွား "

" မသွားဘူး နင်နဲ့သွားမှရမှာ ရှေ့အိမ်က
ကောင်လေးဆိုရင် သူ့အမေကို မနက်တိုင်း
စျေးခြင်းတောင်းလိုက်ဆွဲပေးတဲ့အပြင် နေမပူအောင်လည်း ထီးမိုးပေးသေးတာ ဘယ်လောက်တောင်လိမ္မာလိုက်သလဲ  နင်နဲ့များတခြားစီ ! ! ! "

" အာ့ဆိုလည်း ရှေ့အိမ်ကကောင်လေးလို ကလေးတစ်ယောက်ထပ်မွေးလိုက်ပေါ့
မားမားရာ အိပ်ချင်လို့ပါ တော်ပါတော့ "

ခေါင်းအုံးစနှစ်ဖက်ကို တင်းနေအောင်ဆုပ်ပြီး နားကိုတတ်နိုင်သလောက်အုပ်လိုက်တယ် ။ မှေးကျလာတဲ့ မျက်လုံးတွေက ပြန်အိပ်ပျော်ခါနီးပြီ ။

" ငါ့ကို စျေးလိုက်ပို့မလား ? ! မပို့ဘူးလား ? !
၀မ်ရိပေါ် နင့်မုန့်ဖိုးတွေအကုန်ငါ့လက်ထဲမှာနော် "

ငေါက်ခနဲထထိုင်လျက်သားဖြစ်သွားတဲ့ ခန္ဓာကိုယ်ဟာ လျင်မြန်စွာပဲ တုံ့ပြန်တယ် ။

" ဟဲဟဲ ခုချက်ချင်းပြင်ဆင်လိုက်ပါ့မယ်ခင်ဗျ ! "

အလေးပြုသလိုပါ လုပ်ပြလိုက်တော့ မဲ့ပြုံးကြီးဖြင့် ကြည့်ပြီးအခန်းထဲမှ ထွက်သွားတဲ့ မားမားဟာ ဒီလိုမျိုး ခြိမ်းခြောက်သွားခဲ့သေးတယ် ။

" တစ်လစာ မုန့်ဖိုးဖြတ်ခံမထိချင်ရင် ကြပ်ကြပ်သတိထားနေ ၀မ်ရိပေါ် ! " တဲ့ ။

အခန်းတံခါးပိတ်သွားတာနဲ့ စိတ်တိုတိုဖြင့် စောင်တွေကို ခြေထောက်နဲ့ကန်ထုတ်ပစ်လိုက်တယ် ။
ပါးပါးက ဘာလို့သူ့မိန်းမကို ရှိသမျှပိုက်ဆံအကုန်အပ်ရတာလဲ ? ခုတော့ အနိုင်ကျင့်ခံနေရပြီ ဟင့် !
____________________________

What's Wrong With My Heart ( Completed )Where stories live. Discover now