Reason - 1

1.4K 221 84
                                    

Unicode

" ဒါက ဘယ်တုန်း ! "

" သူငယ်ချင်းတွေနဲ့မုန့်သွားစား...."

" ပိတ်ရက်တိုင်းကို အလေလိုက်ဖို့ပဲတတ်တယ် !
တစ်ရက်တလေများ အိမ်မှာနေပြီး အမေကို
ကူဖို့ဘာညာကျမတွေးဘူး ရှေ့အိမ်က ရှောင်ကျန့်လေးဆိုရင်..."

လာပြန်ပြီ ! အဲ့ဒီ ရှောင်ကျန့်လေးပဲ ! ရိပေါ်တော့ပြီးခဲ့တဲ့တစ်ခေါက်က စျေးမှာ အဲ့အစ်ကိုကြီးနဲ့စသိကတည်းကနေ နေ့တိုင်းနီးပါးဆက်တိုက်ကို အဲ့နာမည်ကြီးမကြားချင်မှအဆုံး ကြားနေရတာပဲ ။

မိုးလင်းတာနဲ့ ရှောင်ကျန့်လေးဆိုရင်...ဘယ်လိုလိမ္မာကြောင်းနဲ့စပြီး မိုးချုပ်ထိလည်း ရှောင်ကျန့်လေးက မိဘကိုအရမ်းသိတတ်တာဆိုပြီး ပြောမပြီးတဲ့ မားမား​ကြောင့် နေရင်းထိုင်ရင်း သူ့မှာ အဲ့အစ်ကိုကြီးကို ကြည့်မရတဲ့ရောဂါဖြစ်လာတယ် ။

" ဟိုမှာကြည့် သူ့အမေကို ပန်းပင်စိုက်ကူနေတာ "

" မားမားက ဘယ်တုန်းက ပန်းပင်စိုက်ရတာကြိုက်လို့လဲ ? စိုက်ပျိုးရေးနဲ့ငါဆိုတာ ပေါင်းစပ်လို့ကို မရဘူးလို့ မားမားပဲပြောဖူးတာလေ ! "

" လျှာမရှည်နဲ့ ! ကြည့်ဆို ကြည့်လိုက် သူများသားသမီးတွေဘယ်လိုလိမ္မာလဲဆိုတာ ပြနေတာ "

အတင်းတွေ လက်ညိုးလှမ်းထိုးပြနေတဲ့ မားမားကြောင့် လမ်းမ,ခြားတဲ့ ရှေ့အိမ်ဆီ မျက်လုံးကရောက်သွားတယ် ။

" အတုယူထား ! ! ! "

နဖူးက ချွေးစလေးတွေကို လက်ခုံနဲ့ ဖိသုတ်လိုက်တာက အစ မြေဆွဖို့အတွက် ဂေါ်ပြားလေးကို ထိန်းကိုင်ထားရာက အလယ် ပန်းမျိုးစေ့တွေကိုမြေကြီးထဲထည့်မြုပ်လိုက်သည် အဆုံး လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းက အသက်၀င်နေတဲ့ ပန်းချီကားလှလှလေးတစ်ချပ်လို့ပဲ ဆိုပါဦးတော့ !

သူကတော့ အဲ့အစ်ကိုကြီးကို ကြည့်မရပါဘူး !

" ဟဲ့ ! ဟဲ့ ! သား ! ၀မ်ရိပေါ် ! ! ! "

" ဟင်...ဟမ် ဘာလဲ မားမား ? ! "

" နင့်ဘောင်းဘီအိတ်ထဲက ဖုန်းမြည်နေတယ် ! "

" အာ~အာ ဟိုကောင်တွေနေမယ် "

ခုမှ ဆူညံနေတဲ့ ဖုန်းသံကို ကြားမိပြီး ဖုန်းထုတ်လိုက်တော့ မားမားက စိတ်လေသလိုပြောတယ် ။

What's Wrong With My Heart ( Completed )Where stories live. Discover now