Reason - 2

1.3K 226 77
                                    

Unicode

" အားလုံးပဲ ​ဒီနေ့ကျောင်းသားသစ်လေး
ဆရာမတို့အခန်းကို ပြောင်းလာတာရှိတယ် "

" နှစ်လယ်ကြီးကို ကျောင်းသားသစ် ? ! "

" ငါတို့ကျောင်းက ဒါမျိုးလက်မခံဘူးမလား ? ! "

" အေးလေ ဘာတွေဖြစ်နေတာလဲ ? ! "

ကျွတ်စီကျွတ်စီထွက်လာတဲ့အသံတွေကြောင့် မှောက်အိပ်နေရာမှ ခေါင်းထောင်လာတဲ့ ၀မ်ရိပေါ်လည်း အကြောင်းရာကို နားစွင့်လိုက်တယ် ။

" အခန်းထဲ၀င်ခဲ့ပါ ကျောင်းသားသစ် "

ထိုအချိန် အခန်းထဲ၀င်လာတဲ့ လူတစ်ယောက်ကြောင့် အိပ်ချင်စိတ်ပါပြေပျောက်သွားတယ် ။

" ရှောင်ကျန့်ပါဗျ အားလုံးနဲ့ခင်ချင်ပါတယ် "

မြင်ကွင်းထဲ ကော့တက်သွားတဲ့ နှုတ်ခမ်းစွန်းနှစ်ဖက်နဲ့အတူ အစက်လေးတစ်စက်ဟာ ထင်းခနဲပေါ်တယ် ။

" အားးးးးးးးးးးးး "

" သောက်ရမ်းချောတယ် ! ! ! "

" တစ်ဖန်ပြန်ခင်ပါရစေ "

ဝုန်းဒိုင်းကြဲကုန်တဲ့ စာသင်ခန်းထဲက ယွစိထိုးမတွေကို ဆရာမက ကိုင်ထားတဲ့စာအုပ်ဖြင့်စားပွဲကို သုံးချက်ရိုက်ချရင်း ငြိမ်ခိုင်းလိုက်တယ် ။

" ယန်ခဲ့ဘေးမှာ ခုံလွတ်ရှိတယ်
အဲ့မှာသွားထိုင်လိုက်နော် သား "

" ဟို...ဆရာမ "

" ​ဘာဖြစ်လို့လဲ ? ! "

" ဟို...၀မ်...၀မ်ရိပေါ်ဘေးမှာ ထိုင်ချင်လို့ပါ ~ "

" ၀မ် ရိ ပေါ် "

ဆရာမနှုတ်ကနေ တစ်လုံးချင်း ပီပီသသထွက်လာတဲ့ သူ့နာမည်ကြောင့် မျက်လုံးပါပြူးတယ် ။

" သားတို့က သူငယ်ချင်းတွေလား ? ! "

" မျက်နှာချင်းဆိုင်နေကြတာပါ "

" အိမ်နီးချင်းတွေပေါ့ ! "

" ဟုတ် ထိုင်လို့...ရတယ်မလား ဟင် ~ "

မြင်သူတကာ လိုက်လျောပေးချင်လောက်တဲ့ မျက်နှာနဲ့တောင်းဆိုနေတဲ့ ရှောင်ကျန့်ကြောင့် ဆရာမဟာ ချက်ချင်းပျော့ကျသွားတယ် ။ ဒီအစ်ကိုကြီးက ဘာကိစ္စသူနဲ့မှ ထိုင်ချင်တာတုန်း !

What's Wrong With My Heart ( Completed )Where stories live. Discover now