Reason - 4

1.3K 218 71
                                    

Unicode

" အဆင်ပြေရဲ့လား "

" အင်း "

နေ့လည်က ဘောလုံးမှန်ပြီး မေ့သွားတဲ့ ရှက်စရာအဖြစ်အပျက်ကြီးကြောင့် ​အိမ်ပြန်လမ်းမှာ သူဟာ အစ်ကိုကြီးမျက်နှာကို စေ့စေ့မကြည့်ရဲဘူး ။

" မျက်နှာက နာနေသေးလား "

မေးတတ်လိုက်တာ နှာနုရိုးဆို ကျိုးပြီတောင် ထင်တဲ့အထိ သူ့မျက်နှာတစ်ခုလုံး ထုံကျဥ်နေတာ ။

" ဟင် ? ! "

" နည်းနည်းပါ "

မြေကြီးကို စိုက်ကြည့်ပြီး ခပ်တိုးတိုးဖြေတုန်း မိန်းမတစ်ယောက်ရဲ့ အသံကျယ်ကျယ်ဟာ သူတို့နားရောက်လာတယ် ။

" ကျွန်မ ကြောင်လေး ! ! ! သစ်ပင်ပေါ်မှာ ! "

ဘာလှေကားမှရှိမနေတဲ့အထဲ အတော်မြင့်တဲ့ အပင်ပေါ် ဘယ်လိုတက်သွားမှန်းမသိတဲ့ ကြောင်ဟာ အောက်ကို ပြန်မဆင်းတတ်တော့ဘူးတဲ့ ။
ကမြင်းကြောထတုန်းကထပြီး ခုမှ လူတွေကို လာအားကိုးနေတာများ ကူညီချင်စရာကို မရှိဘူး ။

" အစ်ကို တက်လိုက်မယ် "

" မတက်ရဘူး ! ! ! "

သစ်ပင်က မြင့်သာမြင့်တယ် အကိုင်းအခက်ကစ လုံးပတ်ထိအဆုံး အကုန်လုံးကသေးသေးလေး ။ မတော်ကာ ကျိုးကျမှဖြင့် ရင်လေးလှပါရဲ့ ။

" ကျွန်တော် တက်လိုက်မယ် "

" မဖြစ်ဘူး ! ! ! ! ! "

ဘောင်းဘီစကို ဆွဲတင်ပြီး ခွတက်မလို့လုပ်တုန်း အသည်းအသန်အော်လာတဲ့ အစ်ကိုကြီး​က ပြူးပြူးပြာပြာနဲ့ တားမြစ်လာတယ် ။

" ပြုတ်ကျလိမ့်မယ် ! အစ်ကိုပဲတက်မယ် "

" မရပါဘူး ! ကျွန်တော်ပဲတက်မယ် "

" အစ်ကိုတက်ပါ့မယ်ဆို ! "

" ကျွန်တော်တက်မယ်လို့ ! "

သစ်ပင်ပေါ်က တညှောင်ညှောင်အော်နေတဲ့ ကြောင်ကြောင့် စိတ်ပူပန်လာတဲ့ ကြောင်ပိုင်ရှင်အဒေါ်ကြီးက နောက်ဆုံးမှာ အော်ဟစ်လာတယ် ။

" ဘယ်သူဖြစ်ဖြစ် တက်ကြပါ
ကျွန်မကြောင်လေး ကြောက်နေပြီ ! ! ! "

What's Wrong With My Heart ( Completed )Where stories live. Discover now