Reason - 7

1.2K 185 51
                                    

Unicode

ခေါင်းလောင်းထိုးတာနဲ့ ​မေးခွန်းစာရွက်တွေကို လွှင့်ပစ်လိုက်ကြတဲ့ ကျောင်းသားအုပ်စုကြီးဟာ ပျော်ပျော်ပါးပါးနဲ့ ဟေးခနဲအော်လို့ စာမေးပွဲခန်းထဲက အမြန်​ပြေးထွက်ကြတယ် ။

ဒါအထက်တန်းနှစ်ရဲ့ နောက်ဆုံးနေ့ရက်ပဲ !

သူများတွေအတွက်ပြောပါတယ် ။ သူကတော့ နောက်တစ်နှစ်ထပ်တက်ရဖို့ကို ၇၀ % လောက် သေချာနေပြီးသား ။ စာမေးပွဲမေးခွန်းတွေဟာ ဘာတွေမှန်း သူ မသိသလို သူဖြေခဲ့မိတာလည်း ဘာတွေမှန်း သူ မသိတော့ဘူး ။

" ညီလေးရိပေါ် ! ! ! "

အဲ့အစ်ကိုကြီးနဲ့လည်း ဘာတွေမှန်း သူ မသိပြန်ဘူး ! စိတ်ညစ်လိုက်တာ မသိတာတွေချည်းပဲ !

ခုန်ဆွခုန်ဆွနဲ့ပခုံးကိုပုတ်ကာ သူ့ရှေ့ရောက်လာတဲ့ အစ်ကိုကြီးက ပြုံးပျော်နေပုံအရ စာမေးပွဲ ဖြေနိုင်ခဲ့တယ်ထင်ပါရဲ့ ။ အင်းပေါ့လေ အစ်ကိုကြီးက သူ့လိုမှစာမညံ့ပဲ ကျိန်းသေဖြေနိုင်မှာပေါ့ ။

" ဘာ...ဘာဖြစ်လို့လဲ ? ! မဖြေနိုင်ဘူးလား ? ! "

" အင်း ကျမယ်ထင်တယ် "

မျက်နှာမကောင်းတဲ့ သူ့ကိုတွေ့တာနဲ့ ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားတဲ့ အစ်ကိုကြီးက ချစ်ဖို့တော့ ကောင်းသားရယ် ။

" ဘယ်လိုဖြစ်လို့ ! အဖြေတိုက်ပြီးပြီလား ? ! အောင်မှတ်ရလောက်မှာပါ တိုက်ကြည့်ကြည့် ! "

သူ မမြင်ချင်လို့ လုံးချေပြီး အမှိုက်တောင်းထဲ ပစ်ထည့်လိုက်ပြီဖြစ်တဲ့ မေးခွန်းစာရွက်အစား သေသေသပ်သပ်ခေါက်ထားတဲ့ မေးခွန်းစာရွက်နောက်တစ်ရွက်ကို ထပ်တွေ့ရပြန်တယ် ။

" နံပါတ်တစ် အဖြေက....."

" မသိချင်ဘူး ! "

"......"

" မသိချင်ဘူးလို့ ! ကျမယ် ထင်ထားပြီးသားကို အဖြေတိုက်ကြည့်မှ တကယ်ကြီးကျနေမှန်း ထပ်သိရရင် ပိုစိတ်ညစ်တယ် အာ့ကြောင့် မပြောနဲ့ ! "

ဖြန့်ထားတဲ့ မေးခွန်းစာရွက်ကို အသာလေး ပြန်ခေါက်သိမ်းလို့ ငြိမ်သက်သွားတဲ့ အစ်ကိုကြီးက သိမ်၀င်နေတဲ့ အသံနဲ့ပြောလာခဲ့တယ် ။

What's Wrong With My Heart ( Completed )Where stories live. Discover now