Reason - 6

1.2K 198 40
                                    

Unicode

" ရင်ခုန်တိုင်း အချစ်မှမဟုတ်တာ ! ! ! "

ကော်ဖီတွေ လက်ဖက်ရည်တွေ သောက်မိရင် ရင်ခုန်တတ်သလိုမျိုး ရိုလာကိုစတာစီးရင်းလည်း ရင်ခုန်တတ်တာပဲ ။ အထူးသဖြင့် စာမေးပွဲ​​ဖြေခါနီး အချိန်ရောက်ရင် ပိုတောင် ရင်ခုန်တတ်သေး ! ဒီလိုဆိုတိုင်း သူ့အနေနဲ့ စာမေးပွဲကို သွားပြီးမှ ငါ မင်းကို ချစ်မိနေပါတယ်လို့ ပြောလို့မရဘူးလေ ။

ဒါကြောင့် ရင်ခုန်တိုင်း အချစ်မဟုတ်နိုင်ဘူး !
ဟုတ်တယ် ! သူက ဟိုအစ်ကိုကြီးကို ချစ်မိတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ ? !

" ဟားဟ မဖြစ်နိုင်တာတွေ ~ "

တစ်ယောက်တည်း ရယ်သွမ်းပြောဆိုနေရင်း မျက်နှာချင်းဆိုင်မှ သူ့ဆီကို လျှောက်လာနေတဲ့ ပုံရိပ်ကိုတွေ့လိုက်ရတယ် ။ ချက်ချင်း နောက်ပြန်လှည့်ပြေးဖို့လုပ်ပေမဲ့ နံရံသာရှိတော့တဲ့ ကော်ရစ်တာလမ်းဟာ ဆုံးနေပြီးသားမို့ ပြေးမရတော့ပေ ။

" ညီလေးရိပေါ် ! "

" ဟဲ အစ်ကိုကျန့် ! "

လူအနားမရောက်ခင် အသံအရင်ရောက်လာတဲ့ အစ်ကိုကြီးကြောင့် မချိပြုံးလေးပြုံးရင်း လက်ပြလိုက်မိတယ် ။ ပိုပိုနီးလာနေသော အကွာအဝေးကို ကြည့်ရင်း အဆမတန်ခုန်လာတဲ့ ရင်ဘတ်ကိုလည်း လက်နဲ့ဖိချေပစ်ပြီး မာန်မဲရသေးတယ် ။

" မင်း ဘာဖြစ်နေတာလဲ ? ! တော်ရုံပဲခုန်ပါဟ ! "

သူ့ နှလုံးသားက အပြင်ဘက်ကိုတော့ သူ့ဟာသူ ပေါက်ထွက်မလာနိုင်လောက်ဘူးမလား ?

" ဘယ်သွားနေတာလဲ အစ်ကို လိုက်ရှာနေတာ "

" သင်္ချာဆရာမက တန်းခွဲ C ကို
စာအုပ်တွေသွားပို့ပေးဆိုလို့... "

ဘေးချင်းယှဥ်လာရပ်တဲ့ အစ်ကိုကြီးဆီကနေ နည်းနည်းခွာလိုက်ရင်း ဆင်ခြေပေးလိုက်တယ် ။
သူ့ ရင်ခုန်သံတွေကို ကြားမသွားစေချင်ဘူး !

" ဘာလို့လိုက်ရှာနေတာလဲ "

" အမ်...အဲ့တာက ~ သတိရလို့ ~ "

" ဟင် ! "

" ဒီတိုင်းပျောက်နေလို့ ရှာတာပါ "

What's Wrong With My Heart ( Completed )Όπου ζουν οι ιστορίες. Ανακάλυψε τώρα