Reason - 5

1.2K 197 51
                                    

Unicode

ရယ်လိုက်ရင် မှေးကျဥ်းသွားတဲ့ မျက်အိမ်တွေနဲ့အတူ ကော့တက်သွားတဲ့ နှုတ်ခမ်းစွန်းအောက်က မှည့်နက်လေးကို သူဒီရက်ပိုင်း အကြောင်းမဲ့လိုက်ကြည့်နေမိတာ အတော်ကြာပြီ ။

" ပျော်ပျော်နေ သေခဲ
   မော်တော်နေ ရေထဲ
   အိမ်မှာနေ အမေဆဲ " တဲ့ လောကကြီးအလယ် တစ်နေ့တစ်နေ့ ဘာတွေများ ပြုံးရွှင်နေလဲမသိတဲ့ ရှောင်ကျန့်ဆိုတဲ့အစ်ကိုကြီးက ထူးခြားပါတယ် ။

" အဲ့တော့ ဆံပင်ဖားလျားကြီးနဲ့ ကတုံးမကြီးက မင်းကို ​ရယ်ပြတယ်ပေါ့ ! မေဘေး ကတုံးမမှာ ဆံပင်ဖားလျားဘယ်လိုလုပ်ရှိမလဲ သိပ်နောက်တဲ့ကောင် ငါ အကောင်းမှတ်လို့နားထောင်နေတာ ! "

အခန်းထဲမှာ အဲ့လိုပဲ နောက်တီးနောက်တောက် ​ကောင်တစ်ကောင်တော့ အမြဲရှိတဲ့အခါ ဝိုင်းအုံနေတဲ့လူတွေကြားမှာ အဲ့ကောင်ရဲ့မရယ်ရတဲ့ ဟာသတွေက ပေါ်ပြူလာဖြစ်တယ်ဆိုပါတော့ ။

" ဟ ! ထိပ်မှာပဲ ပြောင်နေပြီး ဘေးမှာ ဆံပင်တွေဖားလျားကျတဲ့ ကတုံးမလည်း ဖြစ်နိုင်တာပဲကို "

" တော်စမ်းပါကွာ သောက်ပေါမလုပ်နဲ့ ! "

ကြောင်နဲ့ကြွက်လို ရန်ဖြစ်တတ်တဲ့ ကျောင်းသားနှစ်ယောက်ကြောင့် ရယ်ပွဲကျတဲ့အခါ ရှည်မျောမျောအရပ်နဲ့တစ်ယောက်သောသူဟာလည်း ခိုးခိုးခစ်ခစ် !

စာသင်ခန်းအမိုးကို ပွင့်ထွက်သွားမတတ် ရယ်တဲ့ အတန်းထဲက မိန်းကလေးတွေနဲ့ကွဲပြားလွန်းစွာ ယုန်သွားလေးတွေ စီစီရီရီဖြင့် လှလှပပရယ်မောတတ်တဲ့ အစ်ကိုကြီးက သူ့ကိုပြုစားနေပြီထင်ရဲ့ !

" အစ်ကို့မျက်နှာ တစ်ခုခုကပ်နေလို့လား "

ကိုယ့်မျက်နှာကိုယ် လက်ညိုးထိုးပြလာတဲ့ အစ်ကိုကြီးက သူစိုက်ကြည့်နေတာကို မြင်တော့ ဒီလိုမေးလာခဲ့တယ် ။ သူ့မျက်ခုံးအစုံတို့ဟာ ထိလုမတတ်ကျုံ့သွားပြီးနောက်.....။

" မရယ်နဲ့ ! ! ! "

" ဟင် "

သူတို့အတန်းထဲမှာ ဒီအစ်ကိုကြီးကိုမှ ကြိတ်Crushနေကြတာရော ပေါ်တင်ပိုးပန်းနေကြတာရော အစုံပလုံရှိတယ် ။ အဲ့မျက်လုံးတွေက အရပ်မျက်နှာတိုင်းမှာကို လိုက်ကြည့်နေကြတာ !

What's Wrong With My Heart ( Completed )Where stories live. Discover now