Reason - 3

1.3K 209 73
                                    

Unicode

" ကျောင်းပေါင်းစုံ ထူးချွန်စာမေးပွဲမှာ
ငါတို့ကျောင်းက ပထမရသွားတယ်တဲ့ "

" သူပဲ သူပဲ ! အဲ့ဒီ ကျောင်းသားသစ် "

" ဟုတ်လို့လား ? ငါက ရုပ်ရှင်မင်းသားတောင်ထင်နေတာ သောက်ရမ်းချောလွန်းနေတယ် ! "

ကျောင်းထဲ၀င်၀င်ချင်း ဂုဏ်ထူးဆောင်ကျောင်းသားများအား ချီးမြှင့်သည့်အနေဖြင့် ရရှိသောဆုနှင့်ဆုရသည့် ကျောင်းသားပုံကို တွဲကပ်လေ့ရှိသော ဘုတ်ပြားရှေ့ လူအုံနေတာကြောင့် ၀မ်ရိပေါ်လည်း အမှုမဲ့အမှတ်မဲ့ စပ်စုလိုက်သည် ။

" ဟိုအစ်ကိုကြီး~ ပထမရတာလား ? ! "

လက်ထဲက ပဲနို့ဘူးကြီးကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်တယ် ။ စျေးကြီးလိုက်တာ ! အစုတ်အပြတ်ကျောင်း ! အစစအရာရာ အမြတ်ကြီးစားတယ် ။

လူချမ်းသာကလေးတွေပဲ တက်တယ်ဆိုပေမဲ့ ကျောင်းသားတွေကို ဒီလိုစျေးတင်ရောင်းနေတာ တကယ်ပဲရလား ? ကြုံမှ တိုင်းပညာရေးမှူးထိကိုတက်တိုင်ပစ်ဦးမယ် ! သူ့အနေနဲ့ဆိုရင် မုန့်တွေကို ဒီလိုစျေးကြီးပေးပြီး ၀ယ်မစားတတ် အဲ့အစား ဂိမ်းခွေတွေသာ အများကြီး၀ယ်ဆော့ပစ်လိုက်မှာ !

ဘာပဲဖြစ်ဖြစ် ပထမရတဲ့သူအတွက် ကြိုက်တတ်တာနဲ့တော့ ဂုဏ်ပြုပေးရမှာပေါ့ ! တန်ပါတယ် ~

" ၀မ်ရိပေါ် ! "

သူ ဟိုဘက်ရွေ့ရင် ဟိုဘက် ဒီဘက်သွားရင် ဒီဘက်လိုက်ပိတ်နေတဲ့ ကျောင်းသူဟာ လှတပတ ယွတတလေး ။

" ဘာလဲ ? ! "

" ဒါ ! "

လက်ထဲရောက်လာတဲ့ ပန်းရောင်စာအိတ်နဲ့ ချောကလက်ဘူးကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ် ။ ရည်းစားစာပေးတာကို အထက်စီးကြီးနဲ့ !

" ရှောင်ကျန့်ကိုပေးပေး "

" ဘာ ! ! ! ! ! "

သူ့ကိုပေးတဲ့ ရည်းစားစာ မဟုတ်ဘူးပေါ့ ! နောက်ပြီး ရှောင်ကျန့်ဆိုတော့ ဟိုအစ်ကိုကြီးကို !

" ရှောင်ကျန့် ! နင့်ဘေးမှာ ထိုင်တဲ့တစ်ယောက် သူ့ကိုပေးပေးလို့ပြောနေတာ ! "

What's Wrong With My Heart ( Completed )Where stories live. Discover now