အပိုင်း ၁

1K 28 0
                                    

ခိုင် တစ်ယောက် အလုပ်က ပြန်လာတော့
ရေမချိုးသေးပဲ ကုတင်ပေါ်ပြစ်လှဲ ပြီး ဖုန်းကို ထုတ်ပြီး
Facebook ကြည့်နေမိတယ်.....

ပထမနေ့က အလည်သွားချင်တယ် ဧရာတိုင်းသို့ ဆိုပြီး
တင်ခဲ့တဲ့ Post အောက် မှာ
Acc လေး တစ်ခု က " မမ မီးတို့ ဆီ လာလည်လေ" တဲ့

Acc ထဲ ဝင်ကြည့်မိတော့ Friend ​ဖြစ်နေပေမယ့်
မရင်းနှီးသော Acc လေး profile မှာ မျက်မှန်လေးတပ်ပြီး
တင်ထားတဲ့ ကောင်မလေး ဓာတ်ပုံရိုက်ဖို့ post မပေးတက်ဘူး
ထင်ပါရဲ့ မျက်နှာလေး က အပြုံးအရယ် ကင်းမဲ့နေတယ်

ကြည့်နေတုန်းမှာ ပဲ
" ချစ်" ခေါ်သံကြားလို့ ကြည့်လိုက်မိတော့ ခိုင့်ရဲ့ ခင်ပွန်း ကျော်တေဇ ဖြစ်နေတယ်

"မောင် ပြောလေ" " ပြန်ရောက်နေတာကြာပြီလား ချစ် ရေမချိုးသေးဘူးလား" " မကြာသေးဘူး မောင် ရေချိုးတော့မလို့ပဲ" " အဲ့တာဆို သွားချိုးတော့လေ နောက်ကျရင် အအေးမိနေမယ်"

ဟုတ်လဲဟုတ်ပါတယ် ခိုင် ရောက်နေတာက အညာဒေသ ဆိုပေမယ့် ဆောင်းရာသီ မှာ တော့ အရမ်းအေးတယ်လေ

ခိုင် လဲ ဖုန်းကို အားသွင်းလိုက်ပြီး ရေချိုးဖို့ ပြင်လိုက်မိတယ်

ခိုင် နဲ့ မောင် က ​ချစ်ကြိုက်လို့ယူခဲ့ ကြတယ် ဆိုပေမယ့်
ချစ်သူရည်းစားသက်တမ်းက သိပ်မကြာလိုက်ဘူး

အကြာကြီးမတွဲစေချင်တဲ့ မိဘ တွေ ကြောင့် ချစ်သူသက်တမ်း ၂ လ အကြာမှာပဲ လက်ထပ်ခဲ့ကြတာ တစ်ယောက်အကြောင်းလဲ တစ်ယောက် သေချာမသိခဲ့ဘူးလေ

ရေချိုးပြီး ပြန်ရောက်တော့ ထမင်းစား ဘုရားရှိခိုးပြီး Facebook ပြန်သုံးတော့ အခုဏ မန့်ထားတဲ့ ယွန်းလေး က cb ကနေ စာလာပို့တယ်

" မမ မီးတို့ဆီ လာလည်ပါလား"
" အွန်း ညီမလေးက ဘယ်မှာနေလို့လဲ"
"မီး က ပန်းတနော် မှာ နေတာလေ"
"အော် ပန်းတနော် ဆိုတော့ မမ ရဲ့ဇာတိ နဲ့ သိပ်မဝေးဘူးပဲ
အခုတော့ မမ က အညာဘက် ရောက်နေတာ မမ အမျိုးသားရွာမှာလေ"
အဲ့လိုပြောလိုက်တော့ ထိုကောင်မလေးဆီကနေ
"အော် " ဆိုတဲ့ စာက လွဲပြီး ထပ်မရောက်လာတော့ဘူး

ခိုင်လဲ မောင် အိပ်ယာထဲဝင်လာတော့ ဖုန်းပိတ်ပြီး အိပ်ဖို့ ပြင်လိုက်တယ် ထူးခြားတာက ခိုင်ကို ဖက်လာတဲ့ မောင့် ကို အရင်လို သည်းမခံချင်ဘူးဖြစ်နေတယ်
"မောင် ဟိုဘက်တိုးကွာ ချစ် အသက်ရှုကြပ်လို့"
"ချစ် က လဲ ဘာဖြစ်လို့လဲ ခါတိုင်းလဲ ဖက်အိပ်နေကြ ကို"
သူ ပြောတာလဲ ဟုတ်တော့ဟုတ်ပေမယ့် ခိုင့် စိတ်က ထူးဆန်းနေတယ် " မောင် က လဲ ချစ်မှာ ရင်ကြပ်ရှိတယ်လေ ရေချိုးနောက်ကျတော့ နည်းနည်း ကြပ်ချင်သလို ဖြစ်နေလို့"
အကြောင်းပြလိုက်ပြီး သူ့ကို ဖယ်ခိုင်းလိုက်တယ်

ခိုင် တစ်ယောက် အကြောဆန့်ပြီး မျက်လုံး ဖွင့်ကြည့်လိုက်တော့
မောင့် ကို မတွေ့ဘူး အလုပ်သွားမလို့ ဆိုပြီး ထ တော့
မောင့်ရဲ့ အဒေါ် က " သမီး ခိုင် ဒီနေ့ လယ်ထဲ မသွားနဲ့တော့ သမီးညီမ သွားတယ် ဒီနေ့ က အလုပ်သမားများတယ်"
"ဟုတ် မေချို"

ခိုင်လဲ အလုပ်မဆင်းရဘူးဆိုတော့ မျက်နှာသစ် ထမင်းအိုးတည် ဖို့ ပြင်လိုက်တယ် အဲ့အချိန် မှာ cb ကနေ phone ဝင်လာတော့
ခိုင် internet မပိတ်မိတာကို သတိယသွားပြီး phone ကို ကြည့်လိုက်တော့ Yoon Lay ဆိုတဲ့ ကောင်မလေး ခေါ်နေတာ

ဘာရယ်မသိ ခိုင့် နှုတ်ခမ်းလေး ပြုံးမိသွားတယ်

ဖုန်းကို ကောက်ကိုင်လိုက်ပြီး
"ဟဲလို"
" မမ နိုးပြီလား မောနင်း"
" နိုးပြီ ညီမလေး "
ကြည့်ရတာ ခိုင်နဲ့ သက်တူတူလောက်ဖြစ်ဖို့များတော့
" ညီမလေးက အသက်ဘယ်လောက်ရှိပြီလဲ"
"23 မပြည့်သေးဘူး မမ"
"အော် မမ က 23 ကို 3 လပိုင်းက ပြည့်တာ လပိုင်းလောက်ပဲ ကြီးတာပါ မမ လို့ မခေါ်နဲ့လေ"
" ဒါဆို ဘယ်လို ခေါ်ရမှာ "
"ယွန်းလေး ကြိုက်သလိုခေါ်လေ"
"ဟုတ်....မီးက သူငယ်ချင်းတွေကို ချစ်လို့ပဲ ခေါ်တာ အဲ့လို ခေါ်လို့ရမလား"
" သူများတွေကိုခေါ်သလိုမခေါ်ပဲ ပြောင်းခေါ်ကြည့်လေ"
ခိုင့်စိတ်ထဲ ဘာဖြစ်မှန်းမသိ သူများနဲ့ တန်းတူခေါ်မယ်ဆိုတော့ မကြိုက်ချင်သလိုလို သိတာမကြာသေးတဲ့ ဒီကောင်မလေးအပေါ်မှာ
ခိုင် စိတ်ဖြစ်နေတာကို ခိုင်လဲ အံသြနေမိတယ်

အပိုင်း (၂) မျော်

ဆန်းကြယ်သောအချစ် Where stories live. Discover now