အပိုင်း ၆

332 18 2
                                    

အိမ်ရှေ့မှာ တစ်ယောက်ထဲထိုင်နေရင်း ပျင်းလာတာကြောင့် ခိုင် တစ်ယောက်
ယွန်းလေး ဆီ ကို ဖုန်းခေါ်လိုက်မိသည်။

" အဖြူရောင်ဝမ်းဆက်လေးနဲ့ သိပ်လှတဲ့ ကျွန်တော့်သတိုးသမီး
............."
အော် ယွန်းလေး က ဖုန်းခေါ်သူနားဆင်တေး ထည့်ထားတာကို

ခိုင်လဲ နားထောင်နေရင်း သီချင်းသံ ပျောက်သွားပြီး

" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြေကြားခြင်း မရှိပါသဖြင့်" ဆိုတဲ့ အသံက နားထဲ ရောက်လာတော့ စိတ်က တိုသွားလေသည်။

ဘာလုပ်နေလို့လဲ ခိုင့် ဖုန်းကို မကိုင်ရတာလဲ

အတွေး တွေ က ပေါင်းစုံသွားသည်။ ဒီခလေးမ လေး အပေါ် ခိုင့်ဘက်က လိုတာထက်မ​ျား ပိုရောမိနေသလား

ခိုင် ကို ရောလွန်းလို့ အလေးမထားတာလား စသည် အတွေးတို့ကို ဝင်လာလေသည်။

နာရီကို ကြည့်လိုက် တော့ 9 နာရီတောင် မထိုးသေး

ခိုင်လဲ ထမင်းမချက်ရသေးတာကို သတိယပြီး ထ လိုက်လေသည်။

မောင့်ကို ဝင်ကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတ​ဲ့ မျက်နှာပေါ် ပြတင်းတံခါးက ဝင်လာတဲ့ နေက အတိုင်းသားကျနေသည်။

ဒါကိုမြင်ပေမယ့် မသိချင်ယောင်ဆောင်ပြီး ခိုင် ပြန်ထွက်လာလိုက်တယ် ။ မောင့် အပေါ် ဘာတွေ စိတ်တိုလို့ တိုနေမှန်းမသိ

မောင် နဲ့ ပတ်သတ် ပြီး စကားပြောရတာတောင် အမြင်မကြည် ဖြစ်နေသည်

ဆန်ဆေးနေချိန် မှာပဲ

" မောင့်လက်မောင်းပေါ် ခေါင်းလေးအုံးပြီး အိပ်နေချင်သူလေးပါ"

သီချင်းသံ ထွက်လာတော့ ခိုင့် ဖုန်းလာမှန်းသိလိုက်တယ်
​ယူကြည့်လိုက်တော့ ယွန်းလေး ပြန်ဆက်တာ
မကိုင်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အစိမ်းရောင်
ခလုတ်လေးကို လက်က Auto ဆွဲ မိသွားတယ်

" ဟဲလို"
" မမ ဖုန်းခေါ်ထားတာ တွေ့လို့"

ခိုင့်စိတ်ထဲ ဘဝင်မကျဖြစ်သွားသည်

ဆန်းကြယ်သောအချစ် Where stories live. Discover now