အပိုင်း ၅

364 20 2
                                    

အလင်းစူးစူးတစ်ခု က ခိုင့် မျက်နှာပေါ် ကျရောက်လာတော့ မှိတ်ထားတဲ့ မျက်လုံး ကို ဖွင့်ကြည့်မိတယ်.......

ပြတင်းပေါက်တွေကို လိုက်ဖွင့်နေပါသော မောင်
"ဟင် မောင် ပြန်ရောက်နေပြီ " အံသြပြီး ဖုန်းက နာရီကိုကြည့်မိတော့

(၇ နာရီ ၄၅ မီးနစ် ပင် ဖြစ်နေပြီ) ခိုင် တစ်ခါမှ ဒီလောက်ထိ မအိပ်တက်

ခိုင် နာရီကြည့်နေတုန်း မောင် က
" နေမကောင်းလို့လား ချစ် ညကလဲ အစောကြီးအိပ်တာဆို ညီမေလးက ပြောသွားတယ်"
" သင်ဇာ က လယ်ထဲဆင်းသွားပြီလား မောင်"
"ဟုတ်တယ် ချစ် ကိုနှိုးသေးတယ်တဲ့ မရလို့ သူပဲသွားလိုက်တော့မယ်တဲ့ "
"ဟင် ချစ် အဲ့လောက်ထိ အိပ်ပျော်သွားတာလား "
မောင် မှ ပြုံးပြီး ခိုင့်အနားကပ်လာကာ

" မောင် မရှိတော့ အိပ်ရေးဝနေတယ်ပေါ့ ဟုတ်လား ချစ်"
ရယ်ကြဲကြဲ နဲ့ ခိုင့် အနားကပ်လာတဲ့ မောင့် ကို
" ဖယ် ခိုင် မျက်နှာသစ်တော့မယ် " လို့ ပြောပြီး ထွက်လာခဲ့တယ်

မောင် တော့ အံသြနေမှာ အေသအခ်ာပဲ
တစ်ခါ မှ ခိုင် ဒီလို မပြုမှုဘူးလေ......

ခိုင် မျက်နှာသစ်ပြီး တော့ အိမ်ထဲ မဝင်သေးပဲ
အပြင်မှာ ထိုင်နေမိတယ်.....အတွေးက ယွန်းလေးဆီ ရောက်သွားပြန်တယ် ဒီခလေးမ ဒီမနက် ဖုန်းမဆက်သေးပါလားပေါ့

တွေးနေဆဲမှာပဲ
" ချစ် ချစ်ရဲ့ ဖုန်း လာနေတယ်"

မောင့် စကားသံ မဆုံးခင်မှာပဲ
မျော်နေတဲ့ ဖုန်းများလားလို့ အပြေးဝင်လာခဲ့မိတယ်

ဟုတ်တာပေါ့ ယွန်းလေး ဆီ က ဖုန်း
" ဟဲလို ကလေး"
" လယ်ထဲရောက်ပြီလား မမ "
" အိပ်ယာထ နောက်ကျလို့ ကလေး လယ်ထဲ မသွားဖြစ်ဘူး"

" ဟိုတစ်ယောက်ရော အလုပ်သွားပြီလားဟင်"

ခိုင် က မမေးနဲ့လို့ ပြောထားလို့ ထင်ပါရဲ့ အသံက တိုးလျလျလေး

ခိုင်လဲ ယွန်းကို စ ချင်သွားပြီး

"ဘယ်တစ်ယောက်လဲ ကလေး"
"ဟို..ဟို ဘာမှ မဟုတ်တော့ပါဘူး မမရယ် ပြောလိုက်ရင် မမ စိတ်ဆိုးသွားမှာ"

ခိုင် ပြုံးလိုက်မိသည်။
" မမ စိတ်ဆိုးမှာကို  ကလေး က အဲ့လောက်ကြောက်တာလား"
" ဟုတ် "
" ဘာလို့ကြောက်တာလဲ ပြောပါဦး မမကို"

ဆန်းကြယ်သောအချစ် Where stories live. Discover now