အပိုင်း (၁၁)

258 9 0
                                    

ဒီလို နဲ့ ခိုင် စိတ်တွေ မပျော်ရွှင်ခဲ့တာ
၄ရက်လောက်တောင် ရှိခဲ့ ပြီ..... ၄ ရက်အတွင်း ကလေးငယ်က လုံးဝ ပျောက်နေခဲ့တယ် ဖုန်းမဆက်လာတဲ့အပြင် fb လဲ သုံးတာ မတွေ့ခဲ့ရဘူး

အဲ့လိုပဲ တေဇာကျော်နဲ့လဲ လုံးဝ စကားမပြောဖြစ်ခဲ့
ခိုင် စိတ်အခြေနေ ကို သိလို့ ထင်ပါရဲ့ တေဇာကျော် ပင် အလုပ်ကနေ ပြန်မလာတာ နှစ်ရက်လောက်ရှိပြီ ဒါပေမယ့် သူ လာတာ မလာတာ ခိုင် စိတ်မဝင်စား ဒီရက်ပိုင်းအတွင်းမှာ အဆက်သွယ်မရတဲ့ ကလေးငယ် ဆီ ကို သာ အာရုံတွေက ရောက်နေလေတယ်

(ကလေးငယ်ရယ် ဘာများဖြစ်နေတာလဲ ၊  မမ နဲ့ Friend ဖြစ်တဲ့ အကောင့်လေးတောင် မသုံးတော့အထိ မမ ကို စိတ်နာသွားတာလား) ကလေးငယ်ကို စိတ်ပူတဲ့ စိတ်တွေ နဲ့ ခိုင် သည်ပင်
အစားပျက် အအိပ်ပျက်ဖြစ်လို့နေသည်။

နောက်ဆုံး စိတ်ပူရတဲ့ ဒဏ်ကို မခံနိုင်တော့အဆုံး ကလေးငယ်ဆီ ဖုန်းခေါ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်....

ကလေးငယ်ရဲ့ ဖုန်းနာပါတ်လေးကို နှိပ်ပြီးမှ( ကလေးငယ် ကဒ်များပြောင်းသွားလားမသိဘူး) ဟု တွေးမိသေးတယ်

နောက်ဆုံးတော့ ခိုင် ကလေးငယ်ဆီ ဖုန်းခေါ်ကြည့်လိုက်မိတယ်

ထုံးစံအတိုင်း ကလေးငယ်ထည့်ထားတဲ့ သီချင်းလေးက
ခိုင့် နားထဲရောက်လာတော့ ဖုန်းကဒ်မပြောင်းဘူးပဲဟုတွေးကာ
အနည်းငယ်တော့ ခိုင် ပျော်သွားမိတယ်

ဒါပေမယ့်
ကလေးဘက်က ဖုန်းမကိုင် ၊ ခိုင် မျက်ရည်တွေ ဝဲလာရပြန်တယ်

နောက်ဆုံးအနေနဲ့ တစ်ခေါက်လောက်တော့ ထပ်ခေါ်ကြည့်မယ်ဟုတွေးကာ ကလေးငယ် ဖုန်းထပ်ခေါ်မိပြန်တယ်

ဒီတစ်ခါ တော့ ဖုန်းကိုင်လာတယ် ခိုင်လဲ ဝမ်းသာသွားပြီး

" ဟဲလို ခလေး "
" ဟဲလို" ဒါဒါ ကလေးငယ် ရဲ့ အသံမှ မဟုတ်တာ နားထဲ မှာ အသက်ကြီးကြီး အမျိုးသမီးတစ်ဦးရဲ့ထူးသံကို ကြားလိုက်ရတယ်

" ဒါ....ဒါ ယွန်းလေး ရဲ့ ဖုန်း မဟုတ်ဘူးလားဟင်"

"ဟုတ်ပါတယ် ယွန်းလေးရဲ့ ဖုန်းပါ သမီးခိုင်"

ဆန်းကြယ်သောအချစ် Where stories live. Discover now