အပိုင်း ၄

407 23 0
                                    

မောင် က ဆန်စက်မှာ အလုပ်ဆင်းနေတာဆိုတော့ ဒီည ညစိုင်းရှိတယ်လေ
အရင်ကဆို မောင့်ကိုသတိယတက်ပေမယ့် အခုတော့ မောင့်ထက် ယွန်းလေးကို သာ အာရုံထဲရောက်နေတယ်.....

ဒီခလေးမ လေး နေ့လည်က မေးတာကို မဖြေလိုက်လို့များ
စိတ်ဆိုးသွားတာလား ...အို.... သူစိတ်ဆိုးမှာကို ငါက ဘာလို့ တွေးပူနေပါလိမ့်

ခိုင် တစ်ယောက်ထဲ အတွေးပေါင်းစုံနဲ့ ရှုပ်ယှက် ခပ်နေလေသည်။

ခိုင် လိုင်းပေါ်မှာရှိနေတာကိုများ မသိလို့များလား ဆိုတဲ့ အတွေးနဲ့ ယွန်းလေးအကောင့်ထဲ တစ်ခါပြန်ဝင်ပြီး ထိပ်ဆုံးမှာ တင်ထားတဲ့

Holiday ဆိုတဲ့ post လေးကို အသဲ သွားပေးလိုက်တယ်။
ဒါပေမယ့် အချိန်အတော်ကြာတဲ့ အထိ ယွန်းလေးဆီကနေ စာလေးတစ်ကြောင်းတောင် ရောက်မလာခဲ့ ပြန်ဘူး

နောက်ဆုံး ခိုင်လဲ ယွန်းလေး   ဘာဖြစ်နေတာလဲဆိုတဲ့ သိချင်စိတ်ကို မထိန်းနိုင်တော့ပဲ
" ယွန်း မအိပ်သေးဘူးလား" ဆိုတဲ့စာလေးသွားပို့လိုက်တဲ့
ချက်ချင်း ဆိုသလိုပါပဲ
" ဟုတ် မအိပ်သေးဘူး မမ "
စာပြန်ဝင်လာတယ်လေ.... ခိုင် ဘာမှ ဆက်မပို့ပဲနေတော့
" မမ ရော မအိပ်သေးဘူးလား"
ဝင်လာတဲ့ စာလေးကိုကြည့်ပြီး ခိုင် ကြည်နူးမိသွားတယ်
" အွန်း မအိပ်သေးဘူး ယွန်း"
ဒီလောက်ပဲ ပြောပြီး ယွန်းဘက်က ဘာဆက်ပြောမလဲ စောင့်ကြည့်လိုက်တော့
" နေ့လည်က ယွန်း မေးလိုက်တာ မမ စိတ်အရမ်းဆိုးသွားတာလားဟင်"
" ဘာလို့ မမ က စိတ်ဆိုးရမှာလဲ ယွန်း ရဲ့ စိတ်မဆိုးလို့တောင် မမ စကားလာပြောတာ မဟုတ်ဘူးလား"
" ယွန်း က မမ စိတ်ဆိုးသွားတယ် ထင်လို့ပါ ဖုန်းချပြီးထဲက မမ က လိုင်းပေါ်တက်မလာတော့ဘူးလေ"
" ဒါဆို မမ လိုင်းပေါ်မရှိတာသိတယ်ပေါ့"
" ဟုတ် သိတယ် မမ"
" လိုင်းတက်လာတာရော သိလား"
" ဟုတ်"
" ဒါဆို ဘာလို့ စကားမပြောတာ "
" မမ စိတ်ဆိုးနေတယ် ထင်လို့ ယွန်း စကားလာပြောရင် မမ ကစိတ်ဆိုးနေတာဆို အော်လွှတ်မှာလေ အဲ့လိုအော်မှာကြောက်လို့"

ယွန်း ပို့လာတဲ့ စာလေး ဖတ်ပြီး စိတ်မကောင်းတာရော ပျော်တာရော ခံစားမှု နှစ်မျိုး ဖြစ်သွားတယ် ဒါနဲ့ ခိုင် လဲ

ဆန်းကြယ်သောအချစ် Where stories live. Discover now