အပိုင်း ၈

386 20 4
                                    

ခိုင် လဲ အိမ်မှာတစ်ယောက်ထဲ ဖြစ်သွားတော့
အိပ်ယာထဲဝင်ပြီး လှဲလိုက်တယ်
ဖုန်းလဲ သုံးရင်း နဲ့  ခဏကြာတော့ ခိုင့် ဖုန်းသံလေးထ မြည်လာပြန်တယ် ကြည့်လိုက်တော့  မောင် ဆက်တာ ဖြစ်နေတယ်

ဖုန်းကို မကိုင်ပဲ နေရင်း စိတ်ထဲမှာ Ringtone ပြောင်းဦးမယ်လို့ တွေးလိုက်မိတယ်

မောင့် ဆီ က ဖုန်းကျသွားတာနဲ့ ထပ်ခေါ်နေမှာစိုးလို့
ယွန်း ဆီ ဖုန်းခေါ်လိုက်မိတယ်

ခိုင်ဘာလို့ ဒီလိုတွေလုပ်နေတယ်ဆိုတာ ခိုင် ကိုယ်တိုင်လဲ နားမလည်နိုင်တော့ဘူး ဖြစ်နေတယ်

" ဟဲလို မမ " ယွန်းလေးကို ထူးသံကို ကြားလိုက်တယ် အသံတော့သိပ်မကောင်းရှာပေ

" အင်း ကလေး နေမကောင်းဘူးလား အသံလဲ မကောင်းဘူး"

" ကောင်းပါတယ် မမ ရယ် " ကောင်းပါတယ်လို့ပြောနေတဲ့ ကလေးငယ် ရဲ့ အသံမှာ ဝမ်းနည်းရိပ်တို့ ပါနေတာ ခိုင်ရိပ်မိတာပေါ့

" ကလေး " " ရှင် မမ" " စိတ်မကောင်းဖြစ်နေတာလားဟင်"

ယွန်းလေးဆီကနေ စကားသံ ထွက်မလာ

(မမ သိပါတယ် ကလေးငယ်ရယ် )

" ကလေး" ခိုင် ထပ်ခေါ် လိုက်တော့

" ဟုတ်မမ"

" စိတ်ချနော် ကလေး မွေးနေ့ကို မမ ရောက်အောင်လာခဲ့မယ်"

" မမ တကယ်ပြောနေတာလား ဟင် "

" တကယ်ပေါ့ မမ က ကလေးကိုဘာလို့ ညာရမှာလဲ "

" ဟုတ် "

" မမ လာမယ်ဆိုတာကို ကလေးက မပျော်ဘူးလား"

" ပျော်တာပေါ့ မမ ရယ် ဒါပေမယ့်......." ယွန်း ရဲ့ စကားသံလေးရပ်သွားရှာတယ်

" ဒါပေမယ့် ဘာဖြစ်လဲ ပြောလေ ကလေး"

" မမ လာရင် တစ်ယောက်ထဲ လာမှာလားဟင်"

ကလေးငယ် ဘာကို မေးချင်တာလဲ ဆိုတာ ခိုင် သိတာပေါ့

" တစ်ယောက်ထဲလာမှာပါ ကလေး ရဲ့ "

" ဟုတ်! "

ခိုင် လဲ ကလေးငယ်ကို ဘယ်လို ဖြောင်းဖျ ရမှန်း မသိဖြစ်နေတယ်
တစ်ခါ မှ လဲ ခိုင့်ဘက်ကနေ ဘယ်သူ့ကိုမှ မချော့ခဲ့ဖူးဘူးလေ

ဆန်းကြယ်သောအချစ် Waar verhalen tot leven komen. Ontdek het nu