အပိုင်း ၇

360 16 1
                                    

ခိုင် လုပ်စရာရှိတာတွေ လုပ်ပြီး တော့
နာရီဝက်လောက်ကြာသွားတယ်

ဒါနဲ့ ယွန်းလေး ဆီ ဖုန်းပြန်ခေါ်လိုက်တယ်

ဖုန်းဝင်ယုံ ရှိသေး " ဟဲလို မမ"

ဒီခလေး အတော် လန့်သွားတယ်ထင်တယ်လို့တွေးပြီး ပြုံးလိုက်မိသေးတယ်

" အွန်း ယွန်းလေး မမ အခုမှ အလုပ်ပြီး လို့"
"ရပါတယ် မမ ရယ် ယွန်း ဆီ ဖုန်းခေါ်ပေးတာနဲ့တင် ယွန်း အရမ်းပျော်နေပါပြီ"

" ဟုတ်ပါပြီ ဒါနဲ့ ယွန်း အခု အားလား"

" ဟုတ် အားတယ် မမ "
" အဲ့တာဆို လိုင်းဖွင့်ခဲ့လေ cb က နေစကားပြောမယ် "

ယွန်း ဘက်မှစကားသံထွက်မလာ

" ဟိတ် ပြောတာ ကြားလား"
ခိုင် မေးလိုက်တော့

" ကြားပါတယ် မမ ယွန်းက မမရဲ့ အသံလေးကို နားထောင်ချင်လို့ပါ"

" အမယ် ရှင်စကားတွေ တယ်တက်နေပါလား"

" ဟီး....ချစ်တာကို "

ယွန်း ရဲ့ ဒီတစ်ခါ ချစ်တယ်ဆိုတဲ့ စကားကို ကြားတော့ ခိုင် ရှက်စိတ် ဖြစ်သွားတယ်

(အို.... မဟုတ်တာ ငါ ဘာဖြစ်နေပါလိမ့်)

" မမ"

ခိုင် မထူးမိ

"မမ...မမ လို့ "

" ဟင် ယွန်း ပြောလေ"

" ဘာဖြစ်လို့လဲဟင် မမ "

" ဟို... ဘာမှ မဖြစ်ဘူး လိုင်းတက်ခဲ့နော် ခလေး"

ခိုင်ပြောပြီး ဖုန်းချလိုက်တယ် ခိုင်ရင်ခုန်သံတွေ ဘာဖြစ်နေတာလဲ
မောင့် ဆီ က ချစ်တယ် ဆိုတဲ့စကားကြားခဲ့တုန်းက

ဒီလို ရင်ခုန်သံ မျိုး မဖြစ်ခဲ့ဘူး (အို ငါဘာတွေဖြစ်နေတာလဲ မဖြစ်နိုင်ပါဘူး ဒီခလေး နဲ့က မရင်းနှိးသေးလို့နေမှာပါ သူလဲ ငါ့ကို အမ လို ချစ်တာပါ)

ခိုင် ကိုယ့်ဘာသာ အတွေးပေါင်းစုံနဲ့ ရှုပ်ထွေးနေတယ်

အင်တာနက် ဖွင့်လိုက်တာနဲ့

" မမ " ယွန်း ရဲ့ ခေါ်စာလေးက တန်းရောက်လာတယ်

" ရှင် "

ဆန်းကြယ်သောအချစ် Where stories live. Discover now