ဇာတ်သိမ်းပိုင်း

605 28 0
                                    

ခိုင် ထွက်ခါနီး
ကလေးငယ်ရဲ့ ဖုန်းကိုခေါ်လိုက်တယ်
ဖုန်းဝင်ပြီး သိပ်မကြာ.....ဖုန်းကိုင်လာတယ်

" ဟဲလို "
" ဟုတ် အန်တီ ဒီညနေ ၄ နာရီကားနဲ့ သမီးထွက်လာမှာ ရန်ကုန် ရောက်မှ သမီး ဖုန်းဆက်လိုက်မယ်နော်"
" အေးအေး သမီးခိုင် ကျေးဇူးပါကွယ်"
" ဟုတ် အန်တီ သမီးဖုန်းချလိုက်ပြီနော်"

" အေးပါကွယ်"

ခိုင် လဲ ဖုန်းချပြီး အိမ်တံခါးကိုသေချာပိတ်ကာ ရွာထဲ ထွက်လာခဲ့တယ် ကားဂိတ်သွားဖို့ဆိုင်ကယ်ရှာရမှာလေ

ဆိုင်ကယ်ငှားပြီး တေဇာကျော် ဖြတ်ပေးထားတဲ့ကားဂိတ်ကိုသွားလိုက်တယ် ( မနက်ဖြန်နေ့လည်ဆို ကလေးငယ်ကို တွေ့ရတော့ ကလေးငယ်ရဲ့ အခြေနေကို ဘာမှ မသိရတော့ စိတ်ပူနေတဲ့စိတ်နဲ့ အမြန်တွေ့ချင်နေပါပြီ)

ကားထွက်တော့ ကားပေါ်မှာ ကလေးငယ်အကြောင်းကိုပဲ တွေးပြီးလိုက်လာမိတယ်

ဖုန်းမြည်သံကြားလို့ ကြည့်လိုက်တော့ မောင် လို့ မှတ်ထားမိတဲ့ တေဇာကျော် ဖြစ်နေတယ်

ခိုင်လဲ ဖုန်းကိုင်လိုက်ပြီး

" ဟဲလို "

" ချစ် အဆင်ပြေရဲ့လားကားပေါ်မှာ စောင် ပေးရဲ့လား"

" အင်း ပေးပါတယ် "

" ဂရုစိုက်နော် "

" ဟုတ်ကဲ့ ကျေးဇူးပါ ကိုတေဇာ"

" မောင် လို့တောင် မခေါ်နိုင်တော့ဘူးလား ချစ်ရယ် " သူ့ အသံက နာကြင်မှုတွေရောနေတယ် လို့ ခိုင် ထင်မိတယ်

( တောင်းပန်းပါတယ် ကိုတေဇာ ရယ်)

စိတ်ထဲက ပြောလိုက်ပြီး အပြင်မှာတော့

" ကျွန်မ ဖုန်းချလိုက်တော့မယ် နော် ကားမူးနေလို့"

" အင်းပါ " ခိုင် ဖုန်းကို ချလိုက်သည်

ခိုင်စိတ်တွေ ကလေးငယ်နဲ့ တွေ့ရတဲ့ ရက်ပိုင်းလေးအတွင်းမှာ အရမ်းကိုပြောင်းလဲသွားတာ မှန်း ခိုင် သိပါတယ်

အချစ်ဟာ တကယ်ကို ဆန်းကြယ်လွန်းလှတယ် Lesbian တစ်ယောက် ဖြစ်နေမယ်မှန်း ခိုင်ကိုယ်တိုင်ပင် သတိမထားမိခဲ့
( ချစ်တယ် ကလေးငယ်ရယ်)  ကလေးငယ် ဘက် က ဖွင့်မပြောလာခဲ့ရင်တောင် ခိုင့် ဘက်က ဖွင့်ပြောဖို့စဥ်းစားမိလိုက်တယ်

ဆန်းကြယ်သောအချစ် Where stories live. Discover now