အပိုင်း ၃

400 24 0
                                    

မောင့် ကို ပြောပြီး စကားပြန်မလာခင်မှာပဲ ခိုင် ဖုန်းကိုယူပြီး အိမ်အပြင်အမြန်ထွက်လာခဲ့လိုက်တယ်
" အွန်း ယွန်းလေး ပြောလေ "
" မမ ဘာလို့ လိုင်းဆင်းသွားတာလဲဟင်"
" မမ... အမျိုးသား ..." ခိုင် ပြောလက်စကိုရပ်လိုက်ပြီး
" မမ ထမင်းစားမလို့ လိုင်းဆင်းလိုက်တာပါ ယွန်းလေး"
" အော် ယွန်း က မမ ရုတ်တရတ်ကြီး လိုင်းပေါ်ကနေ ဆင်းသွားလို့ ဖုန်းဆက်လိုက်တာ ထမင်းစားနေချိန်ကြီးဆက်လို့ ယွန်းကို စိတ်ဆိုးသွားလား... ဟင်"
" ရော် ခက်ပြီ မမ အသံ က စိတ်ဆိုးနေတဲ့ အသံပေါက်နေလို့လား"
ခိုင် ဖုန်းပြောချိန် ဘယ်လောက်ကြာသွားသည် သတိမထားမိခင်မှာပဲ
" ချစ် ဖုန်းပြောတာ ကြာလှချေလား"
မောင် က လိုက်လာပြီး မေးတော့မှ... ခိုင် ဖုန်းကိုသတိထားကြည့်မိလိုက်တယ် မီးနစ် တောင် ၂၀ ကျော်နေပြီ ခိုင် မောင်နဲ့ ချစ်သူဘဝတုန်းကတောင် ဖုန်းကို ဆယ်မီးနစ် ပြည့်အောင်မပြောဖူးခဲ့

" ဟုတ်တယ် မောင် ရန်ကုန် က စက်ရုံမှာ လုပ်တုန်းက သူငယ်ချင်းမိန်းကလေးပါ အခုမှ အဆက်သွယ်ရလို့ "
မောင့် ကို ခိုင်ညာမိပြန်ပြီ
" အော် အဲ့တာဆို ပြောလေ ချစ် မောင် အလုပ်ပြန်သွားရတော့မယ် ညနေ ချစ် ဘာစားချင် လဲ "
" ရတယ် မောင် မဝယ်ခဲ့နဲ့တော့ "
မောင် ထွက်သွားတော့မှ " ဟဲလို ယွန်း မမ ဖုန်းချလိုက်တော့မယ်နော်"
" မမ ခဏ ယွန်း မေးစရာ ရှိလို့ "
" အွန်း မေးလေ ယွန်း"
"ယွန်း မေးလိုက်ရင် မမ စိတ်ဆိုးမှာလားဟင်"
" ယွန်း က ဘာမေးမှာမို့လို့လဲ"
" မမ က မမယောကျာ်းကို အရမ်းချစ်တာပဲလားဟင်"
" ဘယ်လို!"
ခိုင် အံသြသွားတယ် ဒီခလေးမ ဘာလို့ ဒီလို မေးတာပါလိမ့်
ခိုင့်ကိုယ်ရေးကိုယ်တာ ထိ မေးရအောင်လဲ သိကြတဲ့ အချိန်က မကြာသေးဘူးလေ ဒါပေမယ့်လဲ ခိုင် စိတ်ဆိုးလားဆိုတော့လဲ မဆိုးပြန်ဘူး ယွန်းရဲ့ မေးခွန်းကိုလဲ ခိုင် ဖြေရန်ခက်နေသည်။ အရင်က ဘယ်သူမေးမေး ချစ်လို့ ယူခဲ့တာပေါ့လို့ ဖြေတက်ခဲ့တဲ့
ခိုင် ဒီတစ်ခါ အဲ့လို ဖြေဖို့ ဆွံအ နေခဲ့သည်။
" မမ "
ယွန်းဘက်က ခေါ်သံ ထပ်ထွက်လာတော့ မှ ခိုင် အတွေးလွန်သွားမှန်းသတိယလိုက်ပြီး
" အင်း ယွန်း ပြောလေ "
" ယွန်း မေးတာကို စိတ်ဆိုးသွားတာလားဟင် မမ "
ဒီခလေး ရဲ့ အသံ က ငိုသံ သဲ့သဲ့လေးပါနေတာကို ခိုင် ခံစားမိနေတယ်
" မဆိုးပါဘူး ယွန်းရယ် မမ ဘယ်လို ဖြေရမှန်းမသိလို့ပါ"
" ယွန်း သိပါတယ် မမ ရယ် မမ ယောကျာ်းကို မမ ချစ်တယ်ဆိုတာ "
ယွန်းအပြောကြောင့် ခိုင် စိတ်ရှုပ်သွားစေတာတော့ အမှန်ပင်
" ယွန်း မမ ဖုန်းချတော့မယ် နော် အိမ်အလုပ်လေးတွေ ရှိနေသေးလို့ "
" ဟုတ်ကဲ့ပါ မမ "

ခိုင် ဖုန်းကို ချလိုက်ပြီး ယွန်းရဲ့ မေးခွန်းကို မဖြေလိုက်နိုင်တဲ့
ခိုင့် ကို ခိုင် လဲ အရမ်းကို အံသြနေမိသည်။

ခိုင် ဘာဖြစ်နေတာလဲ ခိုင့်ကို ခိုင် မေးခွန်းပြန်ထုတ်နေမိသည်။

ညနေ ရောက်တော့ အလုပ်ကနေ ပြန်လာတဲ့ မောင့်က
" ချစ် ရေချိုးပြီးပြီလား မချိုးရသေးရင် မောင် နဲ့ အတူ ချောင်းထဲ သွားချိုး ရ အောင်လေ"
" မလိုက်တော့ဘူး မောင် ခိုင် ရေခပ်ထားတယ် ရေစည်မှာပဲ ချိုးလိုက်တော့မယ်"

တစ်ခါမှ မငြင်းဘူးတဲ့ ခိုင် မထင်မှတ်ထားပဲ ရုတ်တရတ်ကြီးငြင်းလိုက်တော့ ခိုင်ကိုယ်တိုင် ပင် အံသြသွားသည်။

မောင် က ခိုင်ပုံစံကို ကြည့်ပြီး
" ချစ် နေမကောင်းလို့လား "
" ကောင်းပါတယ် မောင် ရယ် ကမ်းပါးကို ဆင်းလိုက်တက်လိုက်လုပ်ရတာ ဒီနေ့ အခေါက်ပေါင်းမနည်းဘူးလေ အဲ့တာကြောင့်ပါ"
မောင် က တော့ ခိုင့်စကားကို ယုံသွားတယ်နဲ့တူပါရဲ့
" အဲ့တာဆို ချစ်သဘောလေ မောင် ဘာသာပဲ သွားချိုးလိုက်တော့မယ် "
" ဟုတ် မောင် "
ခိုင့် စိတ်တွေ မောင့် အပေါ်ဘာလို့ များ အေးစက်နေပါလိမ့်

ညရောက်တော့ ထမင်းစားပြီးတာနဲ့ ကိုးရီးယားကားကြည့်တက်တဲ့ ခိုင် က မကြည့်တော့ပဲ အိပ်ယာထဲ တန်းဝင်လာမိတယ်

" အစ်မခိုင် ဇာတ်ကားမကြည့်တော့ဘူးလား ဒီည ဇာတ်သိမ်းလေ"
မောင့်ရဲ့ ညီမလေး သင်ဇာ ရဲ့ အမေးကို
" မကြည့်တော့ဘူး သင်ဇာ အစ်မ အိပ်ချင်နေလို့ မနက်ကျ အလုပ်ရောက်မှပဲ ပြောပြတော့လေ နော် "
" ဟုတ် ဟုတ် အစ်မ "
မောင့်ညီမလေးကို ပြောပြီး ခိုင် အိပ်ယာထဲ တန်းဝင်လာခဲ့တယ်

internet ဖွင့်ပြီး cb ကို ဝင်ကြည့်လိုက်တော့
ယွန်းလေး အကောင့်က မီးစိမ်းနေပေမယ့် ခိုင့်ဆီကို
စာပို့ထားတာ မရှိ ခိုင်လဲ ပြန်ထွက်ပြီး Fb ဝင်ပြီး ဟိုကြည့်ဒီကြည့် ကြည့်နေမိတယ်

ခဏကြာတော့ ယွန်းလေးအကောင့်ကို search bar ကနေ ရှာပြီးဝင်ကြည့်လိုက်တော့
bio မှာ တင်ထားတဲ့
" ချစ်မိသူက ပိုင်ရှင်ရှိသည်" ဆိုတဲ့ စာလေးတွေ့ပြီး ခိုင်ရင်ထဲ နင့်ခနဲ ဖြစ်သွားတယ် ဒီစာသားက ခိုင့် ကို များရည်ရွယ်နေတာများလား ဟာ ငါဘာတွေ တွေးနေပါလိမ့်

ခိုင့် ကိုယ်ခိုင် ရှက်စိတ်ရော အံသြစိတ်ရော တကယ်ဝင်သွားမိတယ်

အပိုင်း ၄ မျော်ရန်

ဆန်းကြယ်သောအချစ် Where stories live. Discover now