Part 3

6.8K 620 13
                                    

တစ်လခန့်အကြာမှာ အားလုံး စီစဉ်လို့ပြီးလို့ ချုံချင်းကို သွားတယ်။ ချုံချင်းကနေမှ သူတို့ရဲ့ ငယ်သူငယ်ချင်း ဝမ့်ကျစ်ရဲ့ နာမည်အောက်ကနေ လန်ဒန်ကို ထွက်မှာ ဖြစ်တယ်။

ရှောင်းကျန့် လန်ဒန်ကို ပြောင်းမယ်ကိစ္စကိုလဲ သူတို့ သုံးယောက်ရယ် ရုံးက အထက်လူကြီး တစ်ချို့ရယ်ပဲ သိတာ ဖြစ်တယ်။ ရုံးကသူတွေကတော့ ရိုးရိုး အလုပ်ထွက်သွားတယ်လို့ပဲ သိထားကြတာ ဖြစ်တယ်။

ရှောင်းကျန့်မှာ သူ ကျောင်းတက်တုန်းက ရတဲ့ လုပ်အားခ‌တွေရယ် အလုပ်ဝင်ပြီး ရထားတဲ့ လစာတွေရယ် စုပြီး ဝယ်ထားတဲ့ ကားလေးတစ်စီး ရှိတယ်။ ခုတော့ အဲ့ဒီ ကားလေးကို ကလေးအတွက် ရောင်းလိုက်၏။

ချုံချင်းကို ရောက်တာနဲ့ လေဆိပ်ကို တန်းသွားရတယ်။ လေဆိပ်မှာ ဝမ့်ကျစ်က အသင့် စောင့်နေတယ်။ ညစာကို လေဆိပ်က ဆိုင်တစ်ဆိုင်က ပေါင်မုန့်ဝယ် ဗိုက်ဖြည့်ပြီးတာနဲ့ လန်ဒန်ကိုသွားမယ့် လေယာဉ်ပေါ် တက်ရတယ်။

မသွားခင် ယွဲ့အာကတော့ ကျန်းမာရေး ဂရုစိုက်ဖို့နဲ့ အလုပ်အရမ်း ဖိမလုပ်ဖို့ မှာသည်။ ယွဲ့အာကလဲ သူနဲ့အတူ ချုံချင်းကို လိုက်ပြန်တာကြောင့် မသွားခင် လူကို စိတ်မချရအောင် မျက်ရည်တွေဝိုင်းပြီး အဘွားလေးလို ပွစိပွစိနဲ့ ဆောင်ရန် ရှောင်ရန်တွေ မှာသည်။

နောက်တော့လဲ လေယာဉ်ထွက်တော့မှာကြောင့် နင့်ဗိုက်ထဲက ငါ့အချစ်ကလေးကို အများကြီး ဂရုစိုက်လို့ ဆိုကာ ဖက်ထားရက လွှတ်ပေးတော့တယ်။

သူ့စိတ်ထဲလဲ ကိုယ်ဝန်ကြောင့်မို့ပဲလားမသိ ဝမ်းနည်းသလိုလို။ ကိုယ့်ကို အစစ အရာရာ ဂရုစိုက်ပေးတဲ့ သူငယ်ချင်းမလေးနဲ့ ခွဲရမှာကြောင့်လဲ ပါလိမ့်မည်။ မိဘကတောင် သိပ်ပြီး အလေးမထားတဲ့ သူ့ကို ယွဲ့အာကပဲ အမေကြီးလို ရင်ဝယ်ပိုက် ဂရုစိုက်ပေးခဲ့တာ။

၁၆ နာရီနီးနီး စီးရတဲ့ လေယာဉ်ပေါ်မှာ ရှောင်းကျန့်က ၁၅ နာရီလောက် အိပ်လာခဲ့တယ်။ သူက ဒီလထဲ ဆရာဝန် ညွှန်ကြားချက်အတိုင်း အစားကို သေချာနဲ့ များများ စားတာကြောင့် နည်းနည်းလေး ပြန်ပြည့်လာတယ်။ ဗိုက်ကလေးကလဲ အရင်လကနဲ့စာရင် အနည်းငယ် ဆူထွက်လာပြီ။

Keep Me in your Pocket『Complete』Where stories live. Discover now