Part 14

5.7K 483 36
                                    

ရှောင်းကျန့်က အရင်ရုံးမှာ အရင်ရာထူးနဲ့ အလုပ်ပြန်ရတယ်။ ယွဲ့အာကျေးဇူးရယ် ကုမ္ပဏီကလဲ သူ့ကို လက်မလွှတ်ချင်လို့ ဖြစ်တယ်။

ယွဲ့အာကတော့ တရုတ်ကိုပြန်ရောက်တာ သူ့ကို မပြောတဲ့အတွက် ဟန်ဆောင်စိတ်ဆိုးပြတယ်။ ဒါပေမယ့် သူမက ဝမ်ရိပေါ်အကြောင်း သိတဲ့သူမို့ ရှောင်းကျန့် ညစာဝယ်ကျွေးလိုက်တာနဲ့ ချက်ချင်းပဲ စိတ်ဆိုးပြေပေးတယ်။

အရင်က အိမ်မှာပဲ အလုပ်လုပ်နိုင်သည် ဆိုတဲ့ အချက်ကြောင့် အလုပ်ရဖို့ ခက်ခဲခဲ့တာ ဖြစ်တယ်။

ကလေးတစ်ယောက်နဲ့ အလုပ်ပြန်တက်တဲ့ ရှောင်းကျန့်ကို တစ်ရုံးလုံးက တအံ့တဩ။

တစ်ချို့က ဇနီးက ဘယ်သူလဲ၊ လှရဲ့လား ဆိုတဲ့ မေးခွန်းတွေမေးကြပြီး တစ်ချို့ကတော့ ရှောင်းကျန့်ကို လက်သွက်လိုက်တာလို့ ပြောကြတယ်။ မေးလာသမျှ မေးခွန်းတွေကို ရှောင်းကျန့်က တိတိကျကျ မဖြေဘဲ မချိပြုံးလေးနဲ့သာ အဆုံးသတ်တယ်။

စော်အော်ရဲ့အဖေ ဘယ်သူလဲ လုံးဝမပြောဖို့ ရိပေါ်က သူ့ကို သတိပေးခဲ့သည်။

ရုံးကလူတွေကတော့ ရှောင်းကျန့်ရဲ့ ဇနီးဖြစ်သူက အရမ်းလှတဲ့သူ ဖြစ်မယ်လို့ ကောက်ချက်ချကြတယ်။ ဘာလို့ဆို ၅ လသားပဲ ရှိသေးတဲ့ စော်အော်က မျက်လုံး မျက်ခုံး သိပ်ကြည့်ကောင်းပြီး ချစ်စရာကောင်လေး ဖြစ်တာကြောင့်။

မန်နေဂျာကြီးကတော့ လူပျိုကြီး ပီပီ ချက်ချင်းကြီး အလုပ်ထွက်ပြီး ကလေးတစ်ယောက်နဲ့ ပြန်ရောက်လာတဲ့ သူ့ကို ဗျစ်တောက် ဗျစ်တောက် ပြောတယ်။

ဂျာကြီးရဲ့ လူပျိုကြီးဆန်တဲ့ စကားတွေကို ကြားပါများပြီမို့ ရှောင်းကျန့်က ဖြုံတောင် မဖြုံတော့။

ရှောင်းကျန့်မရှိတဲ့ တစ်နှစ်နီးနီး အတွင်း သူတို့ရုံးက တော်တော်များများ ပြောင်းလဲသွားတယ်။

ပညာရှင်တော်တော်များများနဲ့ တက္ကသိုလ် ကျောင်းသား အလုပ်သင်လေးတွေ တိုးလာတယ်။ ဒါပေမယ့် သူတို့ဌာနမှာတော့ ကျွီးယန်ဆိုတဲ့ ဗိသုကာပညာရှင်တစ်ယောက်သာ တိုးလာတယ်။

Keep Me in your Pocket『Complete』Where stories live. Discover now