Part 31

6.5K 433 22
                                    

" ရိပေါ် မကူရင်လဲ ငြိမ်ငြိမ်နေ လိုက်မရှုပ်နဲ့ "

" ကောကလဲ .. "

" သွား ဟိုဘက်မှာ သွားထိုင်ချည် "

ရိပေါ်က စူပုတ်ပုတ်နဲ့ ဘေစင်ပေါ် တက်ထိုင်တယ်။ ရှောင်းကျန့် ရိပေါ်မမြင်အောင် ကြိတ်ပြုံးလိုက်တယ်။

" ကျန့်ကော အဲ့ကလေးကို မြန်မြန် ရေချိုးပေးဗျာ "

" ကလေးက ရေကြိုက်နေတာကို မင်းဘယ်လို ဖြစ်နေတာတုန်း "

ရိပေါ်ထပ်ပြောချင်ပေမယ့်လဲ မပြောရဲ။ ကောက တစ်နေ့လုံး အဲ့ကလေးကိုပဲ ဂရုစိုက်နေတာ သူ့ကိုတောင် လှည့်မကြည့်။ ခုတောင် လေသံမာနဲ့ ပြောချင်နေပြီ။

စော်အော်က ရေချိုးရတာကြိုက်တဲ့ ကလေးလေးမို့ သူ့ကို ရေကြာကြာ ချိုးပေးရတယ်။ ‌ဖျားမှာဆိုးလို့ ခနပဲ ချိုးပေးရင် အော်ခေါင်ခြစ်ပြီးအော်ငိုသေးတာ။

သူ့ကိုရေချိုးပေးရင်လဲ တစ်ခါမှ ရေချိုးခန်းက အကောင်းအတိုင်း ထွက်လာရတယ် မရှိ။ ရေနဲ့ လိုက်ပတ်တတ်တာမို့ ချိုးပေးတဲ့လူက စိုစိုရွှဲလို့။ 

ခုလဲ သူ့လက်သေးသေးလေးတွေနဲ့ ရှောင်းကျန့်ကို ‌‌လိုက်ပတ်ပြီး တစ်ခစ်ခစ်ရယ်နေတယ်။

ရာသီဥတုပူတာမို့ ရှောင်းကျန့်က စွပ်ကျယ်လက်ပြက်ပဲ ဝတ်ထားတာ။ ခုတော့ စွပ်ကျယ်က သူ့ကိုယ်ပေါ်ကပ်ပြီး အသားတွေပါ ပေါ်နေပြီ။

ရှောင်းကျန့်က စော်အော်အတွက် ရေချိုးဆပ်ပြာကို ရေမြှုပ်အိအိလေးထဲ ထည့်ပြီး ဆပ်ပြာတိုက်ပေးတယ်။ ဗိုက်ကလေးကို ရေမြှုပ်နဲ့ထိတော့ တစ်ခစ်ခစ်နဲ့ သူ့ တစ်ချောင်းတည်းရှိတဲ့ ရှေ့သွားလေးပါ ပေါ်အောင် ရယ်ရှာတယ်။

ရှောင်းကျန့်မှာ အူတယားယား။

ရှောင်းကျန့်ဝတ်ထားတာက စွပ်ကျယ် ဖြစ်တာမို့ ရေနဲ့ထိမိတဲ့အခါ သူ့ လက်မောင်း ချိုင်းနဲ့ ရင်ဘက်ဖွေးဖွေးတွေက အတိုင်းသား။ ရေအနည်းငယ်စိုနေတဲ့ ခါးလေးကလဲ ခပ်သိမ်သိမ်။

နေ့ခင်းကြောင်တောင်ကြီးကို ရိပေါ်အတွေးတွေက ရှောင်းကျန့်မူးတဲ့ညကို ရောက်သွားရတယ်။

Keep Me in your Pocket『Complete』Where stories live. Discover now