Part 21

6.4K 469 14
                                    

ဆေးရုံတက်ရတဲ့ ရက်တွေက သိပ်ပြီး မများပါ။ သူ သတိရပြီး ၁၀ ရက်လောက်နေတာနဲ့ ဆေးရုံ ဆင်းရတယ်။ သူ့အနေနဲ့လဲ တော်တော်လေး နလန်ပြန်ထူနိုင်ပြီ ဖြစ်ပြီး အခုဆို ချိုင်းထောက်နဲ့ ကိုယ်သွားချင်တဲ့နေရာ သွားလို့ ရနေပြီ ဖြစ်တယ်။

ဒီကြားထဲ ယွဲ့အာရဲ့ ကြက်သားပေါင်းကြီးလဲ နေ့တိုင်း သောက်ရသေးသည်။

ဆေးရုံဆင်းတော့ အိမ်အသစ်ကိုပဲ တန်းပြီး ပြောင်းနေတယ်။ ကျွီးယန် သူ့အတွက် ရှာထားပေးတဲ့ အိမ်က အတော်အသင့် ကျယ်ပြီး ပတ်ဝန်းကျင်လဲ ကောင်းသည်။ သားက လေးဘက် ထောက်တတ်နေပြီမို့ သားဆော့ဖို့ရာ ဧည့်ခန်းကျယ်လဲ ပါတယ်။

ဒီနေ့ကတော့ ပိတ်ရက်လဲ ဖြစ်တာကြောင့် ဒေါ်ကျားယွဲ့တို့အဖွဲ့ သူ့အိမ်မှာ သောင်တင်နေတယ်။

သူ့ကို ဝမ်ရိပေါ်ရန်က ကာကွယ်ဖို့ရယ်၊ အိမ်အသစ်အတွက် ဂုဏ်ပြုပွဲ လုပ်ပေးဖို့ရယ်တဲ့။ အရက်သောက်ချင်လို့ ပွဲပေးတာ သူက မသိတာကျ။

ဒါပေမယ့်လဲ ယွဲ့အာတို့က ဒီအတောအတွင်း သူ့ကို အများကြီး ကူညီပေးခဲ့တာကြောင့် သူ လက်ခံလိုက်တယ်။ အရက်ဖိုးကတော့ ကိုယ့်ဘာသာ ရှင်းပေါ့ ..

အခုတော့ ဧည့်ခန်းကျယ်ကျယ်မှာ ယွဲ့အာ၊ လိုင်လာ၊ ကျွီးယန်နဲ့ အားဟန်တို့ အုပ်စုက နေရာယူပြီးနေပြီ။ သူကတော့ ခြေထောက်ကြာကြာ မထောက်နိုင်သေးတာကြောင့် နေ့လယ်တည်းက ဆိုဖာပေါ် သားကို ပွေ့ထားရင်း ငုတ်တုတ်။

ညနေ ၆ နာရီလဲ ခွဲသွားပြီမို့ ယွဲ့အာတို့က ထမင်းပန်ကန်တွေနဲ့ ပုလင်းတွေ သယ်လာပြီး ပွဲတော်တည်ဖို့ ပြင်နေကြပြီ။

" ငါတို့ဖို့က မက်မွန်ဝိုင်၊ ကျန့်အာအတွက်က ကြက် တစ်ကောင်လုံးပေါင်း "

" ဟာ .. ယွဲ့အာကလဲ "

သူ မျက်နှာမဲ့ရင်း ပြောတော့ အကုန်လုံးက ရယ်တယ်။ တစ်ကယ် အဲ့ ကြက်ပေါင်းကို နှစ်ပတ်လောက် စားထားရတာ ကိုယ့်ကိုကိုယ် ညှီနံ့ထွက်နေပြီ လို့တောင် ခံစားနေရပြီ။

" စတာ စတာ၊ ဒါ‌မယ့် ကျန့်အာ ဒီည သောက်လို့ မရဘူး "

" အေးပါ ငါသိပါတယ် "

Keep Me in your Pocket『Complete』Where stories live. Discover now