Part 25

6.4K 486 22
                                    

မနေ့ညက အားပြင်းတဲ့ ငလျင်တစ်ခု လှုပ်သွားတာ ဖြစ်မယ်။

ပြီးတော့ သူ မူးမူးနဲ့ တိုက်ပြို တိုက်ပျက်တွေကြား ပိသွားတာ။ ဒါကြောင့် သူ့တစ်ကိုယ်လုံးက ကျောက်တုံးကြီးကြီး တစ်ခုနဲ့ စိစိညပ်ညပ်ကြေအောင် ဖိခံထားရလို နာနေတာ နေမှာ !

မျက်လုံးကို ဖြေးဖြေးချင်းဖွင့်တော့ အရက်နာကျခြင်းရဲ့ အကျိုးဆက်‌အနေနဲ့ ခေါင်းတွေ စကိုက်တော့တယ်။

ဘာမှ မလုပ်နိုင်သေးခင် ဘေးကစားပွဲပေါ် တင်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တယ်။ သားကို မနေ့ညက အမေတို့စီက မခေါ်ခဲ့မိလောက်ဘူး။

ဘုရားရေ !! နေ့လယ် နှစ်နာရီတဲ့ !

အလောတကြီးနဲ့ ထထိုင်မိတော့ သူ့အောက်ပိုင်းရဲ့ တစ်နေရာက စူးခနဲ။

" အား ! "

ဘာ ဘာလို့ သူ့တင်ပါးရဲ့ အတွင်းပိုင်းရော အပြင်ပိုင်းရော စူးကိုက်ပြီး ထုံကျဉ်နေရတာလဲ။ မနေ့ညက ထိုက်ရက် ချော်လဲခဲ့မိလို့လား။

" ကျန့်ကော ဘာဖြစ်လို့လဲ တစ်ခုခု ခိုက်မိတာလား ! "

ဝမ်ရိပေါ်က အခန်းထဲရေးကြီးသုတ်ပြာနဲ့ ဝင်လာတယ်။

ရှောင်းကျန့် မျက်လုံးပြူးသွားတယ်။ ဝမ်ရိပေါ်က ဘယ်လိုလုပ် အိမ်ရောက်နေတာလဲ !

" မင်း .. ငါ့အိမ်ကို ဘယ်လို ဝင်လာတာလဲ "

" ကျန့်ကော မမှတ်မိတော့ဘူးလား "

" … "

" မနေ့ညက ကျွန်တော်တို့ ကလေးထပ်ယူဖို့ လုပ်ခဲ့တယ် "

" ဘာကြီး .. "

ရှောင်းကျန့်က နားကြားမှားတယ် ထင်လိုက်တာကြောင့် နောက်တစ်ခေါက် ထပ်မေးတယ်။

" မနေ့ညက ကျွန်တော်တို့ sex လုပ်ဖြစ်ခဲ့ကြ .. "

" ဘာ !!!!! "

ရိပေါ်ကိုယ်က မသိသာသော်ငြား တစ်ချက် တုန်ရင်သွားတယ်။

ရှောင်းကျန့် အဲ့တော့မှ သူ့ကိုယ်သူ ငုံ့ကြည့်မိတယ်။ အင်္ကျီဝတ်ထားပေမယ့် ဟပြဲနေတဲ့ ရင်ဘက်ကနေ ပေါ်နေတဲ့ စပ်ဖျင်းဖျင်း ကိုက်ရာတွေနဲ့ မပြောအပ်တဲ့ နေရာကလဲ နာလွန်းလို့ ထုံကျဉ်နေတာ။

Keep Me in your Pocket『Complete』Where stories live. Discover now