Part 15

6.1K 481 33
                                    

" အားဟန် ဘယ်လဲ "

အားဟန်က သူ့လက်ထဲက ပုံးအကြီးကြီး နှစ်ပုံးကို မြှောက်ပြပြီး

" အရင်နှစ်က ပုံကြမ်းအဟောင်းတွေလေ။ ခုမှ ဘယ်ချောင်က ထွက်လာလဲ မသိဘူး။ အဲ့ဒါ အောက်ထပ်ကို သွားပို့ရမှာ။ ဒါကြီးတွေကမှ အလေးကြီးတွေပါဆို ဓာတ်လှေကားက ပျက်နေတယ်တဲ့။ စိတ်ညစ်ပါတယ် ရှောင်းကောရယ် "

အခုက နေ့လယ်စာစား နားချိန်ဖြစ်တာမို့

" ကောကို တစ်ပုံးပေး ကော ကူသယ်ပေးမယ် "

အားဟန်ရဲ့ မျက်လုံးလေးတွေ လက်သွားပြီး

" အိုက်ယား အဲ့ဒါကြောင့် ရှောင်းကောက တစ်ရုံးလုံးမှာ အချောဆုံး ဖြစ်နေတာ "

ရှောင်းကျန့်က ပိုကြီးတဲ့ ဂျက်ဖာပုံးကြီးကို ထိုကလေးမစီက ယူလိုက်တော့ သူ့ကို လက်တစ်ဖက်နဲ့ heart sign လေး လုပ်ပြတယ်။

အားဟန်က တော်တော်လေး အားသန်တဲ့ ကောင်မလေးလို့ ပြောရမယ်။ ၁၁ လွှာကနေ ဂျက်ဖာ အလေးကြီးကို သယ်လာရတောင် သိပ် ပင်ပန်းပုံမပေါ်။ ဒါကြောင့် ဒီကောင်မလေး သူတို့ဌာနရဲ့ ကုန်တင်ကုန်ချလေး ဖြစ်နေတာ ဖြစ်မည်။

ဂျက်ဖာပုံးတွေကို တစ်ရုံးလုံးရဲ့ စတိုခန်းကြီးထဲမှာ နေရာတကျ ထားပြီး နှစ်ယောက်လုံး အပေါ်ပြန်တက်လာကြတယ်။

အားဟန်ကတော့ စကားများသူပီပီ အသွားရော အပြန်ရော တရစက် ပေါက်ပေါက်ထိုင်ဖောက်နေတယ်။

တကားတစ်ပြောပြောနဲ့ တက်လာရင်း ၉ လွှာအရောက်မှာ ကလေးတစ်ယောက် တွန်းတိုက်သွားတာကြောင့် ရှောင်းကျန့် လှေကားပေါ်က ပြုတ်ကျသွားတယ်။ အားဟန်က သူ့ကို လှမ်းဆွဲပေမယ့် မမှီလိုက်။

အားဟန်က လူကိုတွန်းပြီး ပြေးဖို့ ပြင်နေတဲ့ ကလေးကို ဂုတ်ကနေ ကိုင်ဆွဲထားတယ်။ အားဟန်ကတော့ ဘာမှ မဖြစ်၊ ရှောင်းကျန့်ကသာ လှေကား သုံးထစ်လောက်ကနေ ပြုတ်ကျသွားတာ ဖြစ်တယ်။

အားဟန်က ကလေးကို ဂုတ်ကဆွဲပြီး သူ့စီ ပြေးလာတယ်။

ရှောင်းကျန့်ခြေချင်းဝတ်က ပြုတ်ကြရင်း ခေါက်သွားသည် ထင်၊ ဒီတိုင်းကို နည်းနည်း နာနေ၏။ တော်တော်လေး ကြီးတယ်။ ကလေးအားနဲ့ တွန်းလိုက်တာပေမယ့် ပြုတ်ကျတဲ့ အရှိန်က နည်းနည်းတော့ များတယ်။

Keep Me in your Pocket『Complete』Where stories live. Discover now