Part 12

5.9K 477 36
                                    

" ဒီလောက် မင်းရုပ်နဲ့ တစ်ရုပ်တည်းနီးပါး တူနေတာ မင်းသားမဟုတ်လို့ ငါ့သားလားကွ "

ဝမ်သခင်ကြီးက သားဖြစ်သူကို အော်တယ်။ ဝမ်သခင်မကတော့ ရှောင်းကျန့် ရင်ခွင်ထဲက သူမ မြေးဖြစ်သူရဲ့ ပါးကို အသာလေး ကိုင်ကြည့်တယ်။

ရှောင်းကျန့်ကတော့ ဝမ်မိသားစုကြားမှာ ဘယ်လို တုံ့ပြန်ရမလဲ မသိ။

" အဖေ့ ! ကျေးဇူးပြုပြီး ပြန်ကြ‌ပါတော့။ ဒီနေရာက ဆေးရုံ "

" မပြန်နိုင်ဘူး။ မင်းကို တွေ့ဖို့လာတာ မဟုတ်ဘူး ငါ့မြေးနဲ့ ငါ့သမက်ကို တွေ့ဖို့လာတာ "

" အားကျန့် အန်တီ့ကို ကလေးပေးချီပါလား "

" ဟုတ်ကဲ့ အန်တီ "

သူ့ရင်ခွင်ထဲက ကလေးကို တောင်းလာတာမို့ ကလေးကို ဝမ်သခင်မကြီးစီ လွှဲပေးလိုက်တယ်။ သူမက ကလေးကို အသည်းတယားယား ပွေ့ချီလိုက်ပြီး

" အာရိုးရိုး... လာကြည့်ပါအုံး သခင်ကြီးရယ် မြေးလေးက ငယ်သေးတာတောင် ရှောင်ဝမ်နဲ့ တစ်ရုပ်တည်းပဲ "

ဝမ်သခင်ကြီးက ဇနီးနဲ့ မြေးစီ တိုးကပ်သွားတယ်။ သူက သူ့ရဲ့ လက်ဖဝါးကြီးကြီးတစ်ဖက်နဲ့ မြေးဖြစ်သူရဲ့ ခေါင်းလေးကို ဖွဖွလေး ပုတ်တယ်။

" အဖေ ! အမေ ! အဲ့ကလေးက အဖေတို့မြေး မဟုတ်ဘူးလို့ ! "

ဝမ်ရိပေါ်က အော်တယ်။ အိပ်နေတဲ့ ကလေးကိုလဲ မိခင်လက်ပေါ်က ပြန်ယူပြီး ရှောင်းကျန့်လက်ထဲ ပြန်ထည့်ပေးတယ်။

" မင်း ပါးစပ်ပိတ်နေစမ်း ဝမ်ရိပေါ် ! ဒါနဲ့ အားကျန့်က ဘာလို့ ဆေးရုံပေါ် ရောက်နေတာလဲ။ တစ်ခုခု ထိခိုက်မိလို့လား "

ဝမ်သခင်ကြီးက သားဖြစ်သူဘက် လှည့်အော်ပြီး ရှောင်းကျန့်ကို မေးတယ်။

" ဟုတ်ကဲ့။ ကျွန်တော်က ပန်းနာရင်ကြပ် အခံရှိတာ၊ မနေ့ညက အသက်ရှူကြပ်ပြီး မေ့လဲသွားလို့ပါ။ ခုတော့ သက်သာသွားပါပြီ "

" ဟေ ! မေ့ပါလဲတယ်ဆိုတော့ တစ်ကယ် အဆင်ပြေတာရော ဟုတ်ရဲ့လား။ ပြီးတော့ ဝမ်ရိပေါ်က ဒီအတောအတွင်း သားနဲ့ နေနေတာ မဟုတ်ဘူးလား။ မင်းအသက်ရှူကြပ်တာမျိူးတွေ ဖြစ်တတ်တာ သူမသိဘူးလား "

Keep Me in your Pocket『Complete』حيث تعيش القصص. اكتشف الآن