Part 26

6K 448 15
                                    

နောက်တစ်ပတ်လောက်နေရင် လိုင်လာက လန်ဒန်ကို ပြန်မှာမို့ တစ်ခုခု လိုက်ကျွေးဖို့ရာ သူတို့‌နှစ်ယောက် စီချွမ်ဟော့ပေါ့ဆိုင်ကို ရောက်နေတယ်။

သားကတော့ မပါ။ ဟော့ပေါ့ဆိုင်မှာ ညှော်နံ့တွေနဲ့မို့ ယွဲ့အာနဲ့ အိမ်မှာပဲ ထားခဲ့တယ်။

လိုင်လာက သူပြောခဲ့ဖူးတဲ့အတိုင်း အသားဖြူဖြူ အညိုရောင် ဆံပင်အလိပ်ကြီးတွေနဲ့ တော်တော်လေး လှတဲ့ အနောက်တိုင်းသူ ဖြစ်တယ်။ သူတို့နှစ်ယောက် ယှဉ်ပြီး ဆိုင်ထဲ ဝင်လာတည်းက တစ်ဆိုင်လုံး လည်ပြန်ငေးမကြည့်တဲ့ သူရယ် မရှိလောက်။

လိုင်လာနဲ့သူနဲ့ တူတဲ့အချက် ရှိတယ်။ အဲ့ဒါက သူတို့နှစ်ယောက်လုံး အစပ်အရမ်းကြိုက်တာပဲ။ ဒါကြောင့် ဟော့ပေါ့ကိုတောင် အစပ်နှစ်ဆနဲ့ မှာလိုက်တယ်။ သားကို မမွေးခင်တည်းက ရှောင်းကျန့် အစပ်ရှောင်ရတာ တော်တော် ကြာပြီ ဖြစ်တယ်။ ဒီနေ့တော့ အဖော်လဲ ရှိတုန်း များများစားပစ်ဖို့ တေးထားတယ်။

ရှောင်းကျန့် ဒီနေ့ ကာကီရောင် စတိုင်ပန်နဲ့ ကုတ်ရှည်ကို ဝတ်ထားပြီး တိုက်တိုက်ဆိုင်ဆိုင် လိုင်လာကလဲ ကာကီရောင် ဂါဝန်နဲ့။

ဒီနေ့တော့ လိုင်လာ့ကို တရုတ်စာ ဘယ်လောက်ကောင်းကြောင်း ပြချင်တာကြောင့် ပုံမှန်ထက် များများ မှာဖြစ်တယ်။ အစပ်သက်သာဖို့ရာ Pepsi နှစ်ဘူးရော။

အစားသမားတွေ ဖြစ်တဲ့အလျောက် ဟော့ပေါ့အိုး ချတာနဲ့ သူတို့နှစ်ယောက် တူကို လက်ထဲက မချတော့။

လွမ်းနေရတဲ့ အရသာလေး ဖြစ်တာမို့ ရှောင်းကျန့် ပုံမှန်ထက် အစားဝင်တယ်။ လိုင်လာကလဲ တော်တော်လေး အကြိုက်တွေ့ပြီး လက်မ တစ်ထောင်ထောင်နဲ့။ 

ဆိုင်မှာ Aircon ရှိပေမယ့် ဟော့ပေါ့အိုးရဲ့ အပူရှိန်ကြောင့်ရော အစပ်ရှိန်ကြောင့်ရော ရှောင်းကျန့်မျက်နှာမှာ ချွေးစလေးတွေ ထွက်လာတယ်။

နှုတ်ခမ်းကလဲ အစပ်ရှိန်နဲ့ ရဲနေပြီး မျက်နှာလေးက ခပ်ရဲရဲ။

လိုင်လာ မစားတတ်မှာ ဆိုးတာကြောင့်လဲ လိုင်လာ့ ပန်းကန်ထဲကို တစ်ခုပြီးတစ်ခု ထည့်ပေးနေသေးတယ်။

Keep Me in your Pocket『Complete』Where stories live. Discover now