အခန်း(5)

5.2K 372 14
                                    

"ဆရာကိုကို ဆရာကိုကို"

အော်​သံနဲ့ အတူ ခြူသံ​လေး​တွေကိုတချွင်​ချွင်​ကြားရပြီး စပ်​စလူးစိန်​က ဘွဲ့အနားကို​ရောက်​လာ​တော့တယ်​ အဲစပ်​စလူးစိန်​က ဘွဲ့ကို နည်းနည်း​လေးမှကိုမ​ကြောက်​တာ စာသင်​တုန်းက တချိန်​လုံးလဲ ဘွဲ့ကိုမျက်​​တောင်​မခတ်​တမ်းလိုက်​ကြည့်​​နေလို့ ဘွဲ့မှာ ​ခြေလှမ်း​တွေ​တောင်​မှားတယ်​ ​တော်​​တော်​ဆိုးတဲ့ဟာ​လေး

"မင်းဘာလိုက်​ရှုပ်​အုံးမလို့လဲ ချစ်​ရိပ်​အားမာန်​"

"ဆရာကိုကို ကလဲ ရိပ်​​လေးကအရှုပ်​ထုတ်​ကြီးကျ​နေတာပဲ"

"မဟုတ်​လို့လား"

"ဟုတ်​ပါဘူး ဆရာကိုကိုကလဲ"

"​ပြော ခုဘာလဲ"

"ဌာနကိုလိုက်​ပို့​ပေးရမလားလို့ပါ"

"ငါ့ဘာသာသွားတတ်​တယ်​"

"ဆရာကိုကို သွားတတ်​တာ​တော့ ရိပ်​​လေးသိတာ​ပေါ့ ဆရာကိုကို စာအုပ်​​တွေသယ်​ရတာပင်​ပန်းမှာစိုးလို့ ရိပ်​​လေးကလိုက်​ပို့မလို့ပါ"

"အပို​တွေလုပ်​မ​နေနဲ့ ချစ်​ရိပ်​အားမာန်​ ငါကစာအုပ်​​လေးနှစ်​အုပ်​သယ်​ရတာကို ​လေး​နေရ​အောင်​ ဒုက္ခတမဟုတ်​ဘူး"

"လိုက်​မပို့ရလဲ​နေ​ပေါ့ တပည့်​​လေးက ဆရာအ​ပေါ်ကိုသိတတ်​တာကို ဆရာကတပည့်​ကိုအပြစ်​မြင်​​နေတယ်​ ဘယ်​လိုဆရာလဲမသိပါဘူး"

ပြောချင်​တာ​ပြောပြီး ဆံပင်​​လေး​တွေခါပြီး ထွက်​သွားတဲ့ ချစ်​ရိပ်​အားမာန်​​ကြောင့်​ ဘွဲ့မှာ ဘာမှမ​ပြောနိုင်​ပဲ ​ယောင်​​တောင်​​တောင်​ကျနိ​နေခဲ့​တော့တယ်

သူ​ပြောမှပဲ ကိုယ်​က ဆရာဆိုးဖြစ်​ရပြန်​ပြီ ချစ်​ရိပ်​အားမာန်​တို့က​တော့

အတန်းထဲကို ခုန်​​ပေါက်​ပြီး ​ပြေးဝင်​လာတဲ့ ချစ်​ရိပ်​​ကြောင့်​ အသွင်​ ​ခေါင်းယမ်းလိုက်​မိတယ်​ လျှပ်​လှပ်​ကိုထ​နေတာပဲ ခုလဲဘာလုပ်​မလို့လဲ မသိ ဆရာ​တွေစာသင်​တဲ့ stageစင်​​ပေါ်တက်​သွားတယ်​​လေ

"အားလုံးပဲ ဒီက လူ​ချော​လေး ချစ်​ရိပ်​အားမာန်​က ​ပြောစရာရှိလို့ နား​ထောင်​​ပေးပါ"

Love story of Encyclopedic LeafWhere stories live. Discover now