"ကိုကိုရော"
"သားကိုကို အိမ်ခနပြန်သွားတယ်"
"ဘာလို့လဲ"
"ကိစ္စရှိမှာပေါ့သားရဲ့ သားဆေးရုံတက်ကတည်း က သားကိုကိုက အိမ်တစ်ခါမှမပြန်ရသေးဘူးလေ"
"ဟုတ်"
"နှုတ်ခမ်းကြီးဆူမနေနဲ့ ရိပ်လေး ချစ်သူရပြီး ကတည်း အစ်ကိုလည်းဂရုမစိုက် ညီမလေးတွေလည်း ဂရုမစိုက်နဲ့ နော် ရိပ်လေး"
ကိုကြီးလွန်းလေးရဲ့ အပြောကြောင့် ရိပ်လေးမှာ ကိုကြီးလက်မောင်းကို ဖက်လိုက်ပြီး
"အဲလိုဟုတ်ပါဘူးနော် ရိပ်လေးက ဂရုစိုက်ချင်ပင်မယ့် ကိုကြီးတို့က ရိပ်လေးနားမှာ မှမနေကြတာ"
"အဲလိုမပြောနဲ့နော် ကိုလေး သူသူပြန်လာတာတောင် သူသူကို ဂရုမစိုက်ပဲ ကိုဘွဲ့နား ကပ်ချွဲနေတာ မြင်လို့တောင်မကောင်းဘူး အတွဲတွေများ အမြင်ကတ်တယ်"
"ကိုလေးရဲ့ ညီမလေးသူသူက ကိုလေးမခေါ်လို့ ဝမ်းနည်းနေတာပေါ့ လာလာ ကိုလေးက ညီမလေးကိုဖက်ထားပေးမယ်"
သားကြီးလက်ကိုဆွဲထားရင် သမီးလေးကိုပါ လှမ်းဖက်လိုက်တဲ့ ရိပ်လေးကိုကြည့်ပြီး ဦးရနံချစ်သူ ဝမ်းနည်းလာတာမလို့ darlingရင်ခွင်ထဲ ဝင်လိုက်မိတော့တယ် ငယ်ငယ်လေးကတည်းက ဒုက္ခတွေ ကြုံလာရတဲ့ သူတို့သားငယ်လေး ပြန်ပေးဆွဲခံရပြီး သွေးဆုံးရှုံးမှုတွေ များခဲ့တာမလို့ အဲအကျိုးဆက်တွေကို ခုထိခံနေရတဲ့ သားငယ်လေးက အရမ်းကို သနားဖို့ကောင်းလွန်းတယ် နဂိုတကည်းက လူကောင်သေးပါတယ်ဆို ခုလို ဝေဒနာခံစားနေရတော့ သွေးမရှိသလိုဖြူဖျော့ပြီး ပိန်ကျသွားတာ အရိုးလေးတွေတောင် မြင်နေရတယ်
ဆရာဝန်တွေရဲ့ အာမခံချက်တောင်မရှိတော့တဲ့ သားငယ်လေးကြောင့် ဦးရနံချစ်သူ သားငယ်လေး ပျောက်ကွယ်သွားမှာကို နေ့တိုင်းစိုးရိမ်နေမိတယ်လေ
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ