အခန်း(34)

3.5K 271 16
                                    

"Baby ဘာဖြစ်​လို့လဲ"

ကိုကိုက  ကြက်​​သွေး​ရောင်​ပိုးပုဆိုးနဲ့ အင်္ကျီလက်​ရှည်​အဖြူကိုဝတ်​ထားပြီး ရိပ်​​လေးဆီကို ​ခြေလှမ်း မြန်​မြန်​​တွေနဲ့ ​လျှောက်​လာ​တော့တယ်

"ပုဆိုးဝတ်​တတ်​ဘူးကိုကို"

ဘွဲ့ baby​ခေါ်တယ်​​ပြောလို့ အ​ပေါ်ထပ်​ကို အမြန်​လာ​တော့ ပုဆိုးစ နှစ်​ခုကို ကိုင်​ထားပြီး ပုဆိုးမဝတ်​တတ်​ဘူးလို့ မျက်​နှာ​လေးရှုံ့မဲ့ပြီး ​ပြောတဲ့ baby​ကြောင့်​ ဘွဲ့ပြုံးလိုက်​မိ​တော့တယ်

"ပုဆိုး​တောင်​မဝတ်​တတ်​ဘူး လားbabyရဲ့"

ဘွဲ့​ပြောပြီး babyကိုင်​ထားတဲ့ ပုဆိုးစနှစ်​ခုကို ယူလိုက်​ပြီး ပုဆိုးစဝတ်​​ပေးလိုက်​​တော့တယ်

"ပုဆိုးမဝတ်​တတ်​ပင်​မယ့်​ ကိုကို့ကို​တော့ ချစ်​တတ်​ပါတယ်​​နော်​"

ဟားဟား

"အတတ်​​လေး"

"ရပြီ"

"ကျွတ်​ကျရင်​ ဘယ်​လိုလုပ်​မလဲ ကိုကို baby ​ဘောင်းဘီအတိုတစ်​ထည်​ဝတ်​ထားရမလား"

"ကျွတ်​ကျရင်​ ကိုကို ပြန်​ဝတ်​​ပေးမှာ​ပေါ့ babyရဲ့ ဘာမှမစိုးရိမ်​နဲ့​နော်​ ကိုကိုကြည့်​​နေ​ပေးမယ်​"

"ဟုတ်​"

လမ်းကိုမရဲတရဲ​လေး​လျှောက်​​နေတဲ့babyပုံ​လေး​ကြောင့်​ ဘွဲ့မှာ အသဲ​တွေယား​နေ​တော့တယ်

"​လျှောက်​ပါ က​လေးရဲ့ ကိုကိုရှိတယ်​​လေ"

"ခန​လေး"

အခန်းအပြင်​​ရောက်​တာနဲ့ ​ဘေးကအတွင်း​ရေးမှူးဆီက ဘူးအနီ​လေးထဲက ​ပလက်​တီနမ်​ footchain​လေးကိုဆွဲယူရင်း baby​ရှေ့ ဒူး​ထောက်​ချလိုက်​ပြီး baby​ခြေ​ထောက်​ကို ဘွဲ့ရဲ့ ဒူး​ပေါ်တင်​လိုက်​ပြီး ဝတ်​​ပေးလိုက်​​တော့တယ်

"ဟီး ပိုလှသွားပြီ"

ပထမတခါ ဝတ်​​ပေးတဲ့ footchain​လေးရဲ့ အ​ပေါ်မှာ ​ဗြောင်​ footchain​လေး ထပ်​ဝတ်​​ပေးလိုက်​တာမလို့ footchain နှစ်​ထပ်​ပုံစံ​လေးဖြစ်​သွား​တော့တယ်​ အဲပုံစံ​လေးကို babyကသ​ဘော ကျ​နေသလိုပဲ

Love story of Encyclopedic LeafWhere stories live. Discover now