"ကိုဘုန်း"
ညနေ ကျောင်းဆင်းတော့ အဆောင်ပြန်မယ်လုပ်တော့ အနွယ်က ဘွဲ့ဘေးရောက်လာတော့တယ်
"အဆင်ပြေရဲ့လားအနွယ်"
"ပြေပါတယ် ကိုဘုန်း မနက်ဖြန်ကစပြီး 3BEအတန်းစဝင်ရမယ်ပြောတယ်"
3BEဆိုတော့ babyတို့အတန်းပါလား babyဆိုမှ နေ့ခင်းကအတန်းရော တက်ရဲ့လားမသိဘူး ဘွဲ့ ချစ်သူအသစ့စက်စက်လေးကို သတိရလိုက်မိတော့တယ်
"ကိုဘုန်း ကိုဘုန်း အနွယ်မေးတာဖြေအုံးလေ"
"Sorry အနွယ် ဘာမေးလိုက်တာလဲ"
"3BEတွေက လိမ်မာရဲ့လား"
"အင်းလိမ္မာပါတယ် ချစ်ဖို့လည်း ကောင်းကြတယ်"
"တော်သေးတာပေါ့ ကိုဘုန်းပြန်မှာမလား အနွယ်နဲ့တူတူ ပြန်တာပေါ့"
"အင်း သွားကြတာပေါ့"
ဘွဲ့ အဆောင်ပြန်တဲ့လမ်းမှာ ဘွဲ့ရဲ့ဂျစ်တူးလေးကိုရှာနေမိတော့တယ် တွေ့ပါပြီ သူ့ကိုလာကြိုတဲ့ကားရဲ့ ဘောနပ်အဖုံးပေါ်တက်ထိုင်နေပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ စိုက်ကြည့်နေတဲ့ ဘွဲ့ရဲ့ချစ်သူလေး နှုတ်ခမ်းလေးဆူထော်နေပုံကြည့်ရတာ အနွယ်နဲ့တူတူလာလို့ထင်တယ် ဘွဲ့ အသံထွက်အောင်ရီလိုက်မိတော့တယ် ဆကယ် အသက်ငယ်ငယ်ရည်းစားလေးထားရတာ အဲလိုပျော်ဖို့လေး ကောင်းနေတယ်လေ
"ကိုဘုန်း ဘာတွေရီနေတာလဲ"
"အနွယ် ကိုယ်နဲ့လိုက်ခဲ့ပေး"
အနွယ်ကိုခေါ်ပြီး ဂျစ်တူးလေးနားသွားလိုက်တော့ ဘွဲ့ကိုတအံ့တသြကြည့်နေတော့တယ် ခုနက နှုတ်ခမ်းဆူနေတာ သူမဟုတ်တဲ့ ရုပ်နဲ့
"Baby"
ဟင်
Babyလို့ခေါ်လိုက်တဲ့အချိန်ဘေးက အနွယ်ဆီက အံသြသွားတဲ့ မျက်နှာတခုနဲ့ အသံတခုကို ဘွဲ့လက်ခံလိုက်ရတော့တယ်
"ကိုကို"
ကားဘောနပ်ပေါ်က ခုန်ဆင်းလိုက်တာမလို့ ဘွဲ့အမြန်ထိန်းပေးလိုက်ရတော့တယ်
YOU ARE READING
Love story of Encyclopedic Leaf
Romanceဆရာ ကိုကိုနဲ့ တပညိ့ ဘေဘီတို့ကြားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ ဆရာ ကိုကိုနဲ့ တပညိ့ ဘဘေီတို့ကွားက အချစ်သံစဉ်တစ်ပုဒ်ပါပဲ