အခန်း(47)

2.9K 244 18
                                    

ကိုကို ကမ်း​ပေးတဲ့ လက်​ကိုဆုပ်​ကိုင်​လိုက်​ပြီး ကား​ပေါ်ကဆင်းလိုက်​​တော့ ခုနက သက်​​တော်​​စောင့်​​တွေ​ပြောတဲ့ ရွာအဝင်​လမ်း​လေးကို ကားမီး​ရောင်​​အောက်​မှာ မြင်​လိုက်​ရ​တော့တယ်​ ​သက်​​တော်​​စောင့်​​တွေက ဓာတ်​မီး​တွေနဲ့ ​ရှေ့ကလမ်းပြ​လျှောက်​လာ​တော့ မီးခွက်​​လေး​တွေထွန်းထားတဲ့ တဲအိမ်​လို အိမ်​​လေး​တွေ ​တွေ့လိုက်​ရ​တော့တယ်​ ထူးဆန်းတာက အိမ်​ထဲက လူ​တွေက ရိပ်​​လေး တို့ကို ထွက်​ကြည့်​​နေတာပဲ

"ဒီရွာက ကံကြမ္မာနတ်​ဘုရားကို ကိုးကွယ်​သူ​တွေ​နေတဲ့ ရွာ​လေးပါ မျိုးရိုးစဉ်​ဆက်​လက်​ဆင့်​ကမ်း ပြီး ဒီရွာ​လေးမှာ ကံကြမ္မာနတ်​ဘုရားရဲ့ လမ်းညွှန်​မှု​တွေကို လုပ်​​ဆောင်​​ပေးကြရတယ်​လို့ ကျွန်​​တော်​သတင်းရထားတယ်​ အရှင်​ အခု​တွေ့မယ့်​နတ်​ဝင်​သည်​က ကံကြမ္မာနတ်​ဘုရားရဲ့ ကိုယ်​စားလှယ်​လို့ ​ဒေသခံ​တွေက ယုံကြည်​ကြတယ်​"

ဦး​လေးရန်​​ပြောပြ​နေတဲ့အ​ကြောင်း​တွေကို ရိပ်​​လေးသိပ်​နားမလည်​ပင်​မယ့်​ ကိုကိုက​တော့ နားလည်​​နေသလိုပဲ ငြိမ်​ပြီးနား​ထောင်​​နေတယ်​ ပြီး​တော့ ခုလိုတိုးတက်​​နေတဲ့ ​ခေတ်​ကြီးမှာ နတ်​ဝင်​သည်​တို့ နတ်​ဘုရားကိုယ်​စားလှယ်​တို့ ဆိုတာကြီးက ​တော်​​တော်​​လေး​တော့ ရီဖို့​ကောင်း​နေတယ်​လို့ ရိပ်​​လေးထင်​မိတာပဲ ပြီး​တော့ ကိုကို့ ကိုကြည့်​ရတာလည်း အဲလိုအ​ပြော​တွေကိုယုံကြည်​​နေသလိုပဲ ဘာ​တွေမှန်းကို နားမလည်​​တော့ပါဘူး

ရွာအလယ်​တ​နေရာ​ မီး​တွေထိန်​လင်း​နေ​အောင်​ထွန်းထားတဲ့ တဲအိမ်​တခုရဲ့ ​ရှေ့​ရောက်​​တော့ အသက်​​လေးဆယ်​အရွယ်​ဦး​လေးကြီးက မီးတုတ်​ကြီးတစ်​ခုကို ကိုင်​ပြီး ရပ်​​စောင့်​​နေတာကို ​တွေ့လိုက်​ရတယ်

"သက်​ဆိုင်​တဲ့ လူနှစ်​​ယောက်​ပဲ တဲထဲကိုဝင်​​ပေးပါ ဆရာမကြီး အထဲမှာ​စောင့်​​နေပါတယ်​"

"ဟုတ်​ကဲ့"

ကိုကိုက သက်​​တော်​​စောင့်​​တွေနဲ့ ဦးရန်​ကို တဲအပြင်​မှာ​နေခဲ့ ခိုင်းပြီး မီး​တွေထွန်းထားတဲ့ တဲအိမ်​ထဲကို ရိပ်​​လေးလက်​ကို ဆွဲပြီးဝင်​ဖို့လုပ်​​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now