အခန်း(48)

3.3K 252 16
                                    

မျက်​ရည်​​တွေဝိုင်းပြီး ကြည့်​​နေတဲ့ ကိုကိုရယ်​ ပြီး​တော့ သူ့​ရှေ့မှာထိုင်​ပြီး ဆုံးဖြတ်​ချက်​ချခိုင်း​နေတဲ့ အမျိုးသမီးရယ်​ ကြားမှာ ရိပ်​​လေး ငြိမ်​​နေမိတယ်

"မင်းကိုပစ်​ပါယ်​ခဲ့တဲ့ လူကို မင်းအသက်​နဲ့ရင်းပြီး ချစ်​ဖို့ထိုက်​တန်​လို့လား"

"ထိုက်​တန်​တယ်​ ဆိုတာ ဘာလို့အ​ဒေါ်သတ်​မှတ်​တာလဲ ကျွန်​​တော်​ ကိုကို့ကို စချစ်​ကတည်းက ထိုက်​တန်​တယ်​ မတန်​ဘူးဆိုတာမရှိဘူး ကျွန်​​တော်​သိတာ ကိုကို့ကို ချစ်​တာ်​ဆိုတာပဲ ပြီး​တော့ ကိုကိုကလဲ ကျွန်​​တော်​အ​ပေါ်မှာ ကျွန်​​တော်​ထက်​မ​လျော့တဲ့ချစ်​ခြင်းတရား​တွေ ရှိ​နေမယ်​ဆိုတာ ကျွန်​​တော်​ယုံကြည်​တယ်​"

"Baby"

ဘွဲ့ babyလက်​​လေးကို ဆုပ်​ကိုင်​လိုက်​​တော့ babyက ဘွဲ့လက်​​တွေကို ပြန်​လည်​ ဆုပ်​ကိုင်​လာပြီး ပြုံးပြလာ​တော့တယ်

"ကိုကိုမှာ အ​ကြောင်းအရင်းရှိလို့ဆိုတာ babyသိတယ်​ ကိုကိုကလည်း babyနဲ့ထပ်​တူချစ်​ခဲ့တယ်​ဆိုတာ babyသိတယ်​ကိုကို ခုနကမြင်​လိုက်​ရတဲ့ မြင်​ကွင်း​တွေမှာ ကိုကိုရဲ့မျက်​ဝန်း​တွေက ဘယ်​​လောက်​​တောင်​ နာကျင်​​ခံစား​နေရလဲဆိုတာ babyခံစားလို့ရ​နေတယ်​ ကိုကို"

"Babyရယ်​"

"ကိုကို သိထားဖို့က babyအသက်​​သေရမယ်​ဆိုရင်​​တောင်​ ကိုကို့ ကိုချစ်​ပြီးပဲ​သေချင်​တယ်​ နှလုံးသားမရှိပဲ​နေရမှာထက်​ ကိုကို့ကို နှလုံးသားထဲ ထည့်​ပြီးပဲ ​သေချင်​တယ်​ ကိုကို"

ဘွဲ့ babyကိုယ်​​လေးကို ဖက်​ထားရင်း မျက်​ရည်​​တွေ ကျလာမိ​တော့တယ်

"ကိုကို babyကို အဲလိုအလဲအထပ်​မျိုးနဲ့ ဘယ်​​တော့မှ မကယ်​ပါနဲ့ ကိုကိုအသက်​ရင်းပြီးလည်း မကယ်​ပါနဲ့ babyကို ကတိ​ပေးပါ အဲဒါက အရင်​တုန်းက baby ကိုထားခဲ့တဲ့ ကိုကို့အတွက်​အပြစ်​ဒဏ်​ပဲ"

"Baby"

"ကတိ​ပေးပါ"

"ကိုကို ကိုကို ကတိ​ပေးပါတယ်​ က​လေးရယ်​"

Love story of Encyclopedic LeafWhere stories live. Discover now