အခန်း(51)

3K 235 13
                                    

"ပုံမှန်​​ဆေး​သောက်​​နေရင်​ ​ရောဂါလက္ခဏာက အဲ​လောက်​ကြီး မြန်​မြန်​မပြဘူး တချို့ဆို ​ဆေး​သောက်​ရင်း တစ်​သက်​တာလုံး ​ကျော်​ဖြတ်​သွားတာပါ"

"ဟုတ်​တယ်​ ကြင်​ယာ​တော်​ရဲ့ ​ရောဂါနဲ့ပက်​သက်​ပြီး သက်​​ရောက်​မှုကအရမ်းမြန်​ဆန်​လွန်းတာမလို့ ကျွန်​​တော်​တို့​တောင်​ နားလည်​ဖို့ခဲယဉ်း​နေပါတယ်​"

Babyရဲ့တာဝန်​ခံဆရာဝန်​​နေမာန်​ဟိန်းနဲ့ ​သွေး​ရောဂါပါရဂူ ​ဒေါက်​တာz တို့စကား​တွေက ဘွဲ့ကိုပိုပြီးတုန်​လှုပ်​ လာ​စေ​တော့တယ်

"ကျွန်​​တော်​တို့လည်း ရိုးတွင်းခြင်​ဆီအလှူရှင်​ရဖို့ နိုင်​ငံတကာ​ဆေးရုံ​တွေဆက်​သွယ်​ပြီး အမြန်​​ဆောင်​ရွက်​​နေပါတယ်​ အရှင်​"

"ရိုးတွင်းခြင်​ဆီက ဘယ်​လိုလှူရတာလဲ မျိုးရိုးဗီဇတူမှ လှူလို့ရတာမျိုးလား"

"အဲဒါက ​သွေးကင်​ဆာ​တွေမှာ အသုံးပြုတဲ့နည်း နည်းလမ်းမျိုးပါ ခုကကြ​တော့ ကြင်​ယာ​တော်​ရဲ့ ရိုးတွင်းခြင်​ဆီထဲမှာကိုက အလွယ်​​ပြောရရင်​ ရိုးတွင်းခြင်​ဆီခမ်းတဲ့ ပိုး​တွေရှိ​နေတာမလို့ ရိုးတွင်း ခြင်​ဆီ ​တွေကို ​ဖောက်​ထုတ်​ပြီး အကုန်​လဲပစ်​ရမှာမျိုးပါ အဲဒါ​ကြောင့်​မလို့ အလှူရှင်​က ရှာ​ဖွေရခက်​​နေတာပါ"

"ရိုးတွင်းခြင်​ဆီအကုန်​လှဲရမှာဆိုတဲ့အ​နေအထားမှာ ​သေဆုံးပြီးလူဆီက​နေ ​သေဆုံးပြီးပြီးခြင်း တစ်​နာရီအတွင်း လဲရမှာမလို့ ကျွန်​​တော်​တို့ private jet​တွေနဲ့ အဆင်​သင့်​ပြင်​ထားတဲ့အ​နေအထားပါ အရှင်​"

"ဒါဆို ဘယ်​သူမဆို လှူလို့ရတယ်​​ပေါ့"

"ဟုတ်​ပါတယ်​ အရှင်​"

"Babyက ဘယ်​နှစ်​ရက်​အတွင်းလဲရင်​ ပိုအဆင်​​ပြေမလဲ"

"​ဆေးနဲ့အတတ်​နိုင်​ဆုံးထိန်းထားတယ်​ဆိုပင်​မယ့်​ မြန်​နိုင်​သမျှမြန်​တာပို​ကောင်းပါတယ်​ အရှင်​"

"အင်း ကျွန်​​တော်​သိပြီ"

လေးလံ​နေတဲ့ ​ခြေလှမ်း​တွေနဲ့ ထွက်​ခွာသွားတဲ့ နိုင်​ငံရဲ့​တော်​ဝင်​ဘုရင်​ကို ကြည့်​ပြီးပြီး z တို့သက်​ပြင်း ချလိုက်​မိ​တော့တယ်​ သိပ်​ကိုချစ်​တတ်​တဲ့ အတွဲ​တွေမှာ အမြဲတမ်း ကံတရားက ဒုက္ခ​ပေးတတ်​တာပဲ ချစ်​ရမှာ​တောင်​ ​ကြောက်​ဖို့​ကောင်းလာပြီ​လေ

Love story of Encyclopedic LeafWhere stories live. Discover now