အခန်း(40)

3.5K 260 24
                                    

"သွားရ​အောင်​​လေ baby"

"ဟုတ်​ ကိုကို"

ဒီ​နေ့​ကျောင်းသင်္ကြန်​မလို့ ကိုကိုနဲ့ နည်းနည်းပိစိ​လေးမ​ပြေလည်​​သေးပင်​မယ့်​လည်း သွားလည်​ဖို့ ဆုံးဖြတ်​ထားတယ်​​လေ ဒီနှစ်​က ​ကျောင်းမှာ နာမည်​ကြီး အဆို​တော်​​တွေပါ ငှါးထားတာမလို့ ရိပ်​​လေးတို့အပြတ်​ကဲဖို့ စီစဉ်​ထားပင်​မယ့်​လည်း ကိုကို့မျက်​နှာကြည့်​ပြီး ငြိမ်​​နေရ​သေးတယ်

"အင်္ကျီ လက်​ရှည်​ဝတ်​ထား ပြီးရင်​ ​ရေစိုရင်​​နေမ​ကောင်းဖြစ်​မယ်​"

"ဟုတ်​ကဲ့ ကိုကို"

ကျောင်းထဲကိုဝင်​လာလိုက်​တာနဲ့ ​ကျောင်းသင်္ကြန်​ရဲ့ အ​ငွေ့အသက်​ကိုရလိုက်​တာမလို့ ကိုကို့ ကိုခိုးကြည့်​ပြီး ပြုံးလိုက်​မိ​တော့တယ်

ကျောင်းထဲမှာလည်း အရင်​​နေ့ကလို​ကျောင်းဝတ်​စုံ​တွေနဲ့မဟုတ်​ပဲ အပြင်​ဝတ်​စုံ​တွေနဲ့ အရမ်းကိုမိုက်​​နေ့ကြတာ ပါချုပ်​ကြီးက သရုပ်​ပျက်​ဝတ်​စားဆင်​ယင်​မှုမဟုတ်​ရင်​ ခွင့်​ပြုထားတာမလို့ free style​တွေနဲ့ ​လေ ရိပ်​​လေးနဲ့ရိပ်​​လေးကိုကိုကလည်း ဂျင်း အနက်​ဆင်​တူနဲ့​လေ အင်္ကျီ က​တော့ ကိုကိုက အဖြူ​ရောင်​ ရိပ်​​လေးက အနက်​​ရောင်​ ကြည့်​လိုက်​တာနဲ့ coupleမှန်း တန်းသိ​အောင်​ ဝတ်​လာတာ ဟီး

"ကိုကို ဌာနခနသွားမယ်​ ဟိုမှာ အသွင်​လည်း​ရောက်​​နေပြီဆို​တော့ အရမ်းကဲမ​နေနဲ့​နော်​"

"ဟုတ်​ ကိုကို"

ကား​ပေါ်က ဆင်းတာနဲ့ ကိုကိုက ကိုကြီး​နေလင်းနဲ့ တူတူ ဌာနဖက်​ကို ထွက်​သွားဖို့ပြင်​​နေတယ်​​လေ အသွင်​နဲ့ ကိုကြီး​နေလင်းကိုကြည့်​ရတာလည်း သိပ်​အဆင်​မ​ပြေသလိုပဲ အသွင်​ကမျက်​နှာမ​ကောင်း ဘူး မ​ကောင်းလည်း အဲအ​ကောင်​ကို အကူအညီ​တောင်းရအုံးမယ်

"ကိုကို ခန"

ရိပ်​​လေး ကိုကို့ဆီ​သွားပြီး ​ရေသန့်​ဘူးဖွင့်​ပြီး ​လောင်းလိုက်​​တော့တယ်

"Babyက ပထမဆုံး ​လောင်းတာ​နော်​ ကိုကို"

ကိုကိုက ပြုံးပြီး ရိပ်​​လေး လက်​ထဲက ​ရေဘူးကိုယူပြီး ပြန်​​လောင်းလိုက်​​တော့တယ်

Love story of Encyclopedic LeafWhere stories live. Discover now