အခန်း (၁)

1K 25 0
                                    






မြစ်ရေသည် စီးဆင်းနေ၏။ ပုံမှန်ဆို မြင်းနှင့်ကူးသန်းသွားနိုင်သော ဒေါနမြစ်သည် ယခုတော့ဖြင့် တဝေါဝေါဖြင့်မြည်ဟီးနေလေသည်။တောင်ကျရေနှင့်ပေါင်းကာ မြစ်ရေသည် ကမ်းနှစ်ဖက်အားခြိမ်းခြောက်ထား၏။ညအချိန်ကမိုးသည်လည်း သည်းထန်စွာရွာချထား၍ ပတ်ဝန်းကျင်သည် စိုထိုင်းထိုင်းဖြစ်နေသည်။

နေမွန်းတည့်ချိန်အထိရေကျဦးမည်မဟုတ်၍ သက်ပြင်းသာချပြီး ပြန်လှည့်ခဲ့၏။မတတ်နိုင်...စောင့်ရုံသာရှိသည်။

" ဘကြီး...ဘယ်လိုလုပ်မလဲ "

လူအုပ်စုနားပြန်ရောက်တော့ မိန်းမပျိုတစ်ဦးသည် သူ့အားမေးလာ၏။သူတို့သည် ရွာကိုပစ်၍ မြို့တော်သို့ပြောင်းရွေ့လာကြသော အညတရဆင်းရဲသားများပင်။လှည်းမရှိနွားမရှိမြင်းမရှိနှင့်မြို့တော်သို့ရောက်အောင်လာခဲ့ကြရသည်မှာ ယခုတော့ဖြင့် ‌မြစ်ကိုဖြတ်၍ မြင်နေရပေသည်။သေချင်သည့်ကျားတောပြောင်းဆိုသလို လမ်းခရီး၌ ခိုးဆိုးလုယက်မှုတို့ခံရကာ ဘဝတစ်သက်စုဆောင်းထားသော ငွေအသပြာများမှာ ပါသွားခဲ့လေပြီ။သို့နှယ် နွမ်းဖတ်ဖတ်အဝတ်အစားများနှင့်သူတို့သည် လမ်းတွင် တောင်းစားခဲ့လေရင်း ဒေါနမြစ်ကမ်းသို့ ရောက်လာခဲ့သည်။စံတိုင်း ...သူ့ကိုမေးလာသည့် မိန်းမပျိုကိုကြည့်သည်။ထို့နောက် မိန်းမပျို၏ ဝမ်းတွင်းသန္ဓေဆီသို့ အကြည့်ရောက်သည်။ကိုယ်ဝန်သည် ရင့်လှပြီဖြစ်သည်။မွေးချိန်လည်း တန်နေပေသည် ၊ ဘယ်ချိန်ခါမွေးမလဲတွေးပူလျက် မိန်းမပျို၏မျက်နှာမှာ ပူပူဆွေးဆွေး။

" ခဏတော့ စောင့်ရမှာပဲ ၊ မွန်းတည့်ချိန်မှရေမကျရင်တော့ နီးစပ်ရာရွာသွားပြီး ခဏတည်းကြမယ်"

နီးစပ်ရာရွာသွား၍ တည်းခိုကြမည်ပြောသော်လည်း ၎င်းနေရာမှာဇရပ်တစ်ဆောင်သာဖြစ်မှန်းအားလုံးကသိသည်။

" ရေကျချိန်မစောင့်ဘဲ ခဏသွားနေကြမလား ၊ ပန်းဆိုင်းရဲ့ဗိုက်က မွေးတော့မယ်ထင်တယ်တော့...ကျုပ်ကိုင်ကြည့်တာ တင်းပြောင်နေတာပဲ "

အမျိုးသမီးတစ်ဦးက ဝင်ပြောသည်။

စံတိုင်း သူ့မယားကိုကြည့်၍

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now