အခန်း(၆)

247 12 0
                                    


သင်္ဂဟတိုင်း၌ ဥပရာဇာဘိသိက်ခံပွဲပြုနေချိန်တွင် ရွှေအလင်္ကာတိုင်းပြည်၏မင်းတရားသီဟရာဇာသည် လျှို့ဝှက်အရေးပေါ်အစည်းအဝေးကို ညသန်းခေါင်တွင်လုပ်နေရပေသည်။

" သူတို့လာစရာက ရေလမ်းကြောင်းပဲရှိတယ် "

မြောက်ပိုင်းစစ်သူကြီးသည် ဆို၏။သူသည် ကျန်သူများကိုဝေ့ဝဲကြည့်၍စကားဆက်သည်။

" မင်းကြီး ဘယ်လိုဆုံးဖြတ်ချင်သလဲ "

သီဟရာဇာသည် စားပွဲခုံပေါ်ရှိမြေပုံကိုကြည့်၍ တိတ်ဆိတ်ငြိမ်သက်နေသည်။သူသည် အလေးအနက်စဉ်းစားနေဟန်ဖြင့် စူးစူးစိုက်စိုက်ကြည့်လျက်ရှိသည်။ထို့နောက် စကားပြောလာသည်။

" ငါတို့မှာ ရေတပ်ရှိတယ် ၊ ဒါပေမဲ့ ရေတပ်ရဲ့အင်အားက သူတို့နဲ့ယှဉ်ရင်အရမ်းနည်းတယ်။ပြီးတော့ သူတို့တိုက်ပွဲစဖို့ကလည်း ငါတို့ကမ်းပေါ်ကပ်မှရမှာ ၊ အဓိက,ကကမ်းပေါ်ကနေ ငါတို့ဘယ်လိုခုခံကာကွယ်ရမလဲဆိုတာပဲ။ပြီးတော့ သိင်္ဂရတိုင်းရဲ့စစ်ကူကို စောင့်နေလို့မရတော့ဘူး ၊ ဒီကသစ္စာဖောက်အမတ်တွေကို အရင်စီရင်မှရမယ်။ဒီတော့...."

သီဟရာဇာသည် အားလုံးကိုဝေ့ဝဲကြည့်၍

" ဒါက ဒီညခင်းအစောပိုင်းမှာ တွေ့ဆုံခဲ့ကြတဲ့အမတ်တွေရဲ့အမည်စာရင်းပဲ။သူတို့ကို အရင်မရှင်းနိုင်သရွေ့ ဒီတိုက်ပွဲကို ငါတို့စိန်ခေါ်လို့မရဘူး။ဒီတော့ ဒီစာရင်းထဲက ‌သစ္စာဖောက်လောက်ကောင်တွေကို ဒီညတွင်းဖမ်းဆီးရမယ် ၊ ကျူပင်ခုတ်ကျူငုတ်ပါမကျန်ရှင်းပစ်ရမယ်။ဆွေမျိုးခုနစ်ဆက်တင်မကဘူး ၊ ဆွေမျိုးအဆက်ဆက်ကို သတ်ပစ်ရမယ်။"

သီဟရာဇာသည် ပေရွက်လိပ်တစ်လိပ်ကိုစားပွဲဝိုင်းပေါ်ပစ်တင်လိုက်သည်။ပေရွက်လိပ်ကတော့ စားပွဲဝိုင်းပေါ်တွင် အပြန့်သားကျသွားခဲ့၏။ထိုအပေါ်တွင်တော့ ဝိုင်းစက်နေသည့်လက်ရေးဖြင့်ရေးသားထားသော အမည်စာရင်းများရှိသည်။၎င်းတို့ထဲတွင် ရုံးလွှတ်တော်လေးခုကအမတ်များပါဝင်ပြီး အနောက်ပိုင်းစစ်သူကြီးလည်းမပါမဖြစ် ၊ ၎င်းတို့နောက် မြို့တော်ထဲရှိ သူကြွယ်အချို့နှင့်စံလုံဆိပ်ကမ်းမြို့၏မြို့စား။စံလုံဆိပ်ကမ်းသည် တိုင်းပြည်၏အကြီးမားဆုံးနှင့်အချက်အခြာအကျဆုံး ဆိပ်ကမ်းတစ်ခုဖြစ်သည်။ထိုနေရာကိုတော့ စံလုံမြို့စားသည် အပိုင်သိမ်းထားပြီးမင်းမူခြယ်လှယ်နေတာကြာပြီဖြစ်သည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now