အခန်း(၁၇)

160 6 0
                                    

ဈေးတန်းကလေးတလျှောက်တွင်တော့ ခွေကိုယ်စီနှင့်ကလေးများသည် ပြေးလွှားဆော့ကစားနေကြ၏။ဈေးလမ်းပေါ်၌ခင်းကျင်းရောင်းချနေသော ဈေးသည်များမှာ အတော်ပင်စုံလင်လှသည်။ဟင်းသီးဟင်းရွက်မှအစမုန့်မျိုးစုံရောင်းချသော ဆိုင်ကလေးများပင်ရှိသည်။သားငါးရောင်းချသူများမှာတော့ သိပ်မရှိလှ။မရှိဆိုလျှင် ဤဈေးတန်းသည် သူဆင်းရဲတို့၏ လမ်းကြားကလေးမဟုတ်ပါလား။မနက်ခင်းဈေးရောင်းချိန်ဖြစ်တာကြောင့် နေရောင်အချို့မှာ ဈေးလမ်းကလေးပေါ်သို့ဖြာကျနေသည်။လေနုသွေးကလေးကလည်း ဖြတ်တိုက်နေပြီး မနက်ခင်းဈေးဝယ်သူများက ဆူညံစွာအော်ဟစ်ပြောဆိုနေကြလေသည်။

ခွေကိုယ်စီနှင့်ကလေးများကတော့ ဈေးလမ်းအတိုင်း အသွားအပြန်ပြေးလွှားခွေလှမ့်နေကြ၏။

နန်းစိုင်သည်လည်း ကတုံးဆံပင်လေးနှင့်ပြေးလွှားဆော့ကစားနေသည်။
သူ၏ကစားဖက်များမှာ မိန်းကလေးနည်း၍ယောကျာ်းလေးများသာဖြစ်၏။သူသည် ခွေကိုယောကျာ်းလေးများနှင့်အပြိုင် ပြေးလွှားလှိမ့်ကစားရင်း တစ်စုံတစ်ယောက်ကို ဝင်တိုက်မိသွားသည်။ခွေလှိမ့်လာသည့်အရှိန်နှင့်မို့ နှစ်ယောက်သားမှာ တစ်ပတ်မျှလိမ့်သွားလေ၏။သဲလူးကာဖုန်တွေပေကျံသွား၍ ခန္ဓာကိုယ်ကိုဖုတ်ဖက်ခါရင်း နန်းစိုင်တစ်ယောက် ဝင်တိုက်မိသည့်သူကို ရန်တွေ့ရန်ပြင်တော့သည်။သို့သော် ဝင်တိုက်မိသူမှာတော့ ဘိန်းမုန့်များကိုမြေကြီးပေါ်မှပြန်ကောက်၍ သဲများကိုဖယ်ရှားနေပေသည်။ဆီနှင့်ကပ်သွားပြီဖြစ်သည့် သဲမှုန်များကတော့ သန့်ရှင်း၍မရတော့ပါချေ။

ရန်တွေ့တော့မည့် နန်းစိုင်၏စိတ်ကလေးလည်း ဇီးရွက်လောက်သာရှိတော့သည့် ထိုကောင်လေး၏မျက်နှာကိုကြည့်၍ တန့်သွားရသည်။သူ၏အကြည့်က ဘိန်းမုန့်ဆီရောက်လိုက်ထိုကောင်လေးမျက်နှာဆီရောက်လိုက်နှင့်တဝဲလည်လည်ရှိလျက်။ယင်းနောက်တွင်တော့ ခွေကိုကောက်ယူ၍ ပြေးထွက်လာခဲ့တော့သည်။

သူ့ကိုလျော်ခိုင်းမည်စိုး၍ ဝေးသထက်ဝေးအောင် မြန်မြန်လေးပြေးထွက်သွားခဲ့လေသည်။

ရတု သူ့လက်ထဲရှိသဲ‌ပေသွားသည့်ဘိန်းမုန့်များကို ငုံ့ကြည့်ရင်း ဘာလုပ်ရမည်မှန်းမသိ။သီဟရာဇာနှင့်မိုးဈာန်က ဘိန်းမုန့်စားချင်သည်ဆို၍ လာဝယ်ပေးခြင်းဖြစ်ကာ အသပြာငွေကြေးကတော့ သူ့အပိုင်မဟုတ်ပေ။
သီဟရာဇကသာ ငွေပေးခြင်းဖြစ်သည်။အခုလည်း ဘိန်းမုန့်စားဖို့ သူ့ကိုမျှော်နေကြမည့်အဖြစ်ကိုတွေးကာ ဘိန်းမုန့်ကိုငုံ့ကြည့်၍ စိတ်မကောင်း။
သူသာ သတိနည်းနည်းထားလိုက်လျှင် ဤကဲ့သို့ဖြစ်လာမည်မဟုတ်။ဝမ်းနည်းစိတ်နှင့်လူက ငိုင်တိုင်တိုင်ဖြစ်လာရသည်။ထပ်ဝယ်ဖို့လည်း ပိုက်ဆံ‌မလောက်တော့ပေ။ဤဘိန်းမုန့်များကိုလည်း ရေဆေးပြီးမယူသွားချင် ၊ ရေဆေးလျှင်လည်းပြောင်မည်မဟုတ်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now