အခန်း (၃)

352 14 0
                                    


မယ်ဈာန်...ကလေးကိုလက်ပေါ်မချီ၍ နတ်စင်ရှေ့ပြကာ မျက်လုံးမှိတ်လိုက်သည်။

" ကျွန်တော်မျိုးမ အရှင်တို့ပေးသောရတနာအား သားသမီးရင်းနဲ့မခြားပြုစုကာကွယ်စောင့်ရှောက်ပါမည်  ၊ အရိုးနှင့်တိုင်တည်၏ ၊ အသားနှင့်တိုင်တည်၏ ၊ အသက်နှင့်တိုင်တည်၏ ၊ သံသရာနှင့်တိုင်တည်၏။မဖောက်မဖျက်သစ္စာကို ရင်ဝယ်ကမ္ဗည်းပိုက်၍ နှုတ်တွင်တစ်ခွန်း ၊ ရင်တွင်အသက်ဆုံးသည်အထိ တည်နေပါမည်။သို့ဖြစ်ပါ၍ သမီးတော်ကိုလည်း ဘေးမသီရန်မခအောင် ကာကွယ်စောင့်ရှောက်ပေးပါ ၊ စီးပွားလာဘ်လာဘများ ဒီရေအလားတိုးအောင်ကြံဆောင်ပေးပါ။ဘဝတစ်ဆုံး ခလုတ်မထိဆူးမညှိအောင် ဖယ်ရှားပေးပါ အရှင်တို့ "

နှုတ်မှတတွတ်တွတ်တိုင်တည်ဆုတောင်း၍ ဤကလေးအား နတ်ပြပြီးသည့်နောက် မယ်ဈာန်သည် သူ့ဘေးက ဒူးထောက်ထိုင်နေသော မိန်းမပျိုကိုလက်ယပ်ခေါ်လိုက်၏။

" ကလေးအမေနို့ရလာခဲ့လား "

သူသည် မတိုင်မီကပင် မိန်းမငယ်များအား နို့ချိုရှာဖွေရန်စေလွှတ်ပြီးပြီဖြစ်သည်။ယခုအခါတွင် ကလေးသည် ဗိုက်ဆာတော့မည် ၊ နို့ရည်မျိုချချင်တော့မည်။

" ရလာပါတယ် ၊ ဒါပေမဲ့ သားသမီးဆုံးလို့ ဝမ်းနည်းနေတဲ့အမျိုးသမီးပဲရလာပါတယ် "

မယ်ဈာန်သည် မျက်နှာကွက်ခနဲပျက်သွားသည်။

" ဟယ် ၊ အဲ့ဒီမိန်းမကိုပြန်လွှတ်လိုက်စမ်း ၊ ကလေးအတွက်နိမိတ်မရှိနမာမရှိ။အမေနို့မရရင် နွားနို့ဝယ်လာခဲ့ ၊ နွားနို့မရရင် ဆိတ်နို့ ....ကြားလား "

" ဟုတ်ကဲ့ "

မိန်းမပျိုသည် ခေါင်းညိတ်၍ ခပ်သုတ်သုတ်ပြန်ထွက်သွားလေ၏။မယ်ဈာန်လည်း ကလေးကိုချီ၍ အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။အိမ်ထဲရောက်သည်နှင့်ကလေးကို သေသေချာချာပြန်ကြည့်သည်။ခေါင်းလေးလည်း လုံးသည် ၊ နားရွက်ကလေးကလည်း ကားသည် ၊ မျက်ခုံးမျက်သားမှာ ပနံသင့်ပြီး လိုက်ဖက်ညီနေသည် ၊ နှာတံမှာ ဖြောင့်စင်းပြီး အရွယ်မတိုင်သေးပေမဲ့ ထင်ထင်ရှားရှားရှိသည် ၊ ညာဘက်ပါးပြင်တွင် လုံးကြီးတင်လျက်ရှိသော စံပယ်တင်မဲ့အားတွေ့ရသည် ၊ ကကြီးပုံနှုတ်ခမ်းလေးသည် နီရဲတွတ်နေပေသည် ၊ မေးနှစ်ခွမှာ သေးသေးကွေးကွေး။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now