အခန်း (၁၅)

187 8 0
                                    

တစ်ရက်ပြီးတစ်ရက် နေဝင်သွားသည်နှင့် သူပင် ဤနေရာ၌ နေသားကျကာ လူတိုင်းနှင့်ရင်းနှီးခဲ့ပြီဖြစ်သည်။ငယ်စဉ်ကတည်းကပင် သူ့ကိုမွေးစားခဲ့သော မိခင်မှာ သူ့အားထားသွားခဲ့၏။ဝမ်းနည်းပေမဲ့ နာကျင်ခံပြင်းစိတ်တို့ စိုးစဉ်မျှမရှိပါပေ။မယ်ဈာန်သည် သူ့အားအလွယ်တကူထားသွားမည်မဟုတ်သည်ကို သိသည်။နေ့တိုင်းပင် မယ်ဈာန်ပြောတတ်သော စကားတစ်ခွန်းအား ပြန်ကြားယောင်မိသည်။

" မယ်ဈာန်က ဘဝမှာ မင်းကိုအချစ်ဆုံးဆိုတာ ယုံ "

" နေမကောင်းဘူးလား ကောင်လေး "

အသံကြားလိုက်ရ၍ မိုးဈာန် အပေါ်သို့မော့ကြည့်လိုက်သည်။အပေါ်တွင်တော့ သီဟရာဇာပြောပြထားသည့် နယ်စားမင်း၏လူကို တွေ့လိုက်ရသည်။နယ်စားမင်း၏လူဆိုတာ ဘာကိုဆိုလိုတာလည်း သူမသိပေမဲ့ သီဟရာဇာကတော့ နယ်စားမင်း၏အပိုင်ဟု သူ့ကိုရှင်းပြသည်။ထိုလူဟာ သစ်ပင်ကိုင်းကြီးပေါ်ထိုင်၍ ဓားကိုဝေ့ယမ်းကစားနေလေသည်။လေတဖြူးဖြူးနှင့်မို့ ထိုသူ၏ ဆံပင်ရှည်ရှည်က လေထဲတွင် မြောလွင့်နေသည်။ထိုသူမှာ သူတို့လို သျှောင်ထုံးမထုံးဘဲ အမြဲတစေ ဆံပင်ချထားတတ်သည်။ဘာကြောင့်များ သျှောင်ထုံးမထုံးသလဲမေးလျှင် သူက ဆံပင်တွေကို ဖြတ်ပစ်တော့မှာ ပြော၏။သျှောင်ထုံးကြီးနဲ့ နေရထိုင်ရတာအဆင်မပြေဘူးဟု ညည်းညူသည်။သို့သော် အခုထိတော့ ဆံပင်များကို မဖြတ်သေးပါချေ။

" ငါ မေးနေတယ်လေ ၊ ဘာလို့ ပြန်မဖြေတာလဲ "

ရှင်သုခမိန် သစ်ကိုင်းပေါ်မှဆင်းလိုက်ပြီး မိုးဈာန်ရှေ့မှာ လက်ပိုက်ရပ်လိုက်သည်။မိုးဈာန်ဟာ သူ၏ဝသီအတိုင်း သူ့ကိုပြုံးကြည့်လာသည်။
ယင်းနောက် လေသံတိုးတိုးဖြင့် စကားဆို၏။

" မိုးဈာန် နေကောင်းပါတယ် ရှင်သုခမိန် "

" ဒါဆို တစ်ယောက်တည်းပျင်းနေတာလား ၊ ရွယ်တူတွေနဲ့ကိုယ်ခံပညာသွားမကျင့်ဘူးလား "

မိုးဈာန်က ခေါင်းခါပြသည်။

" ဟင့်အင်း ၊ မိုးဈာန်က အဲ့ဒါတွေမလုပ်ချင်ဘူး "

" ဒါဆို ပြောပါဦး ၊ မိုးဈာန်က ဘာလုပ်ချင်တာလဲ "

" မိုးဈာန်က ကချင်တာ "

ပိတောက်တစ်ခက်ထန်းတစ်လက်Wo Geschichten leben. Entdecke jetzt