အခန်း(၇)

247 12 0
                                    



မိုးဈာန် သူ့လက်ကိုဆွဲထားသည့်လက်ကိုရုန်းလိုက်သည်။သူက ကစားချင်သူမဟုတ် ၊ သီဆိုကခုန်နေသူတွေကိုကြည့်ချင်သူသာဖြစ်သည်။

" ငါ့ကို အရီးတို့လိုက်ရှာနေတော့မယ် ၊ ပြန်ရဦးမှာ"

ထိုသို့ပြောပြီး သူသည် လှည့်ထွက်ခဲ့၏။သို့ရာတွင် တစ်ဖက်ကသူမှာ သူ၏လက်ကိုဆောင့်ဆွဲလာတာကြောင့် မြေကြီးပေါ်သို့ ဘိုင်းခနဲပစ်လဲကျသွားသည်။သူသည် လူအများကြီးရှေ့ဝယ်လဲကျသွားတာကြောင့် ရှက်ရွံ့စိတ်ကလေးဝင်လာပြီး ငိုမဲ့မဲ့ဖြစ်လာခဲ့သည်။ထိုစဉ်တွင် အရီးခင်ငြိမ်းနှင့်အရီးစံသင်းမှာ ခပ်ဝေးဝေးကနေ သူ့ကိုလက်ယပ်ခေါ်နေသည်ကိုမြင်သွားပြီး ကုန်းရုန်းထ၍ ပြေးသွားခဲ့သည်။

" ဘယ်ပြေးဦးမလို့လဲ ၊ ကစားပါမယ်ဆို "

အိမ်ရှေ့မင်းသားသည် စိတ်အလိုမကျမှုတို့နှင့်အတူမိုးဈာန်နောက်လစ်ခနဲပြေးလိုက်သွား၏။

ခင်ငြိမ်းနှင့်စံသင်းမှာ မိုးဈာန်ကိုကြည့်၍ ခြေမကိုင်မိလက်မကိုင်မိဖြစ်လျက်ရှိသည်။အနောက်က အိမ်ရှေ့မင်းသားမဟုတ်လား ၊ ဘာကြောင့်များ မိုးဈာန်နောက်အမောတကောပြေးလိုက်လာရပါသနည်း။မိုးဈာန်ကလည်း သူတို့ဆီကို နောက်သို့ပင်လှည့်မကြည့်လဲ ခြေကုန်သုတ်ပြေးလာသည်။အဟုတ်မှလွဲ ရန်များဖြစ်လာကြသလား။မြတ်စွာဘုရားရေ......ခင်ငြိမ်းနှင့်စံသင်းမှာ အတွေးကိုယ်စီနှင့်အတူရင်ဘတ်ပေါ်လက်ဖိ၍ ဘုရားတမိကြ၏။

မဏ္ဍပ်မှာ သူတို့နှင့်အတန်ငယ်ဝေးပြီး ရဲမက်များလည်းစောင့်ကြပ်နေခြင်းကြောင့်အထဲသို့ ဝင်သွား၍လည်းမရပေ။ကံကောင်းသည်ဆိုရမလားပင် ၊ မိုးဈာန်ကို အိမ်ရှေ့မင်းသားလိုက်မမှီခင်မှာပင် သူတို့ဆီရောက်လာသည်။

" မသွားနဲ့ဦး "

မိုးဈာန်ရောက်ရောက်ချင်း ခင်ငြိမ်းသည် ကလေးကိုပွေ့ချီလိုက်၏။ခပ်သုတ်သုတ်ထွက်သွားမည်အပြု အိမ်ရှေ့မင်းသား၏စကားကြောင့် ခြေလှမ်းတို့သည် တုန့်ဆိုင်းသွားရသည်။နှလုံးအိမ်သည် အခုန်မြန်လာလျက် ဒူးပင်ယိုင်ချင်လာသည်။နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြပြီး ရဲမက်များကလည်း သူတို့အားကြည့်လာလေသည်။

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now