အခန်း (၁၆)

207 10 0
                                    

ဆယ့်ရှစ်နှစ်ခန့်ကြာပြီးနောက်

ထူထပ်သော တိမ်တစ်အုပ်မှာ လေနှင်ရာပြေးလွှားနေပေသည်။စွန်ငှက်အုပ်စုမှာကား တည်ငြိမ်စွာဖြင့် ပျံဝဲလှည့်လျက်ရှိသည်။ထိုအောက်ခြေမြေပြင်ပေါ်တွင်တော့ ကျုံးမြို့ရိုးတစ်ခုရှိပြီး ရေမျက်နှာပြင်သည်ကား ကြည်လင်စိမ်းမြလှပေသည်။ကျုံးမြို့ရိုးပေါ်တွင်တော့ အစောင့်ရဲမက်စစ်သည်အချို့သည် ဟိုသည် လှည့်လျှောက်နေပြီး မြို့အား စောင့်ကြည့်နေလေ၏။မြို့ရိုးတံခါးတွင်ကား ရဲမက်လေးဦးသည် ငြိမ်သက်စွာ တည်ရှိနေသည်။လှည်းနှင့်လူ ၊ လူနှင့်မြင်းလှည်း ၊ မြင်းနှင့်လူစသည်ဖြင့် ဒေသန္တရသွားလာလှုပ်ရှားကြသော လူအချို့ကလည်း မြို့ရိုးတံခါးမှတဆင့် ဝင်ချည်ထွက်ချည်လှုပ်ရှားသွားလာနေကြသည်။မြို့ရိုးတံခါးနှင့်မလှမ်းမကမ်း မြေပြင်ပေါ်တွင်တော့ တောင်းရမ်းစားသောက်နေသော ဒွန်းစဏ္ဍားများကို တွေ့ရလိမ့်မည်။ညစ်ပတ်ပေရေနေသောအဝတ်အစားတို့ဖြင့် ပိန်လှီရှုံ့တွန့်သော ခန္ဓာကိုယ်ကိုအား ငုံ့ကာထားသည်။ သနားစဖွယ်အသံထုတ်၍ သဒ္ဓါတရားလေးများ နည်းများမဆို စွန့်ကြဲပေးကမ်းလာစေရန် လက်ဆယ်ဖြားမိုးပြီး တောင်းယူနေပေသည်။

ခရီးသွားတချို့က ၎င်းတို့ကိုကြည့်၍ သနားသဖြင့် အသပြာတစ်ပြားလောက်ထည့်ပေးပြီး ခရီးဆက်သွားကြသည်။

ထိုအချိန်တွင် မြင်းတစ်စီးနှင့်အမျိုးသားတစ်ဦးသည် ဖြေးညင်းသော အရှိန်ဖြင့် လမ်း၏ဘေးပတ်ချာလည်ကိုကြည့်ကာ မြို့ထဲသို့ ဝင်လာလေသည်။သူ၏ ကျောတွင်တော့ အနုစိပ်ခြယ်မှုန်းထားသည့်ကနုတ်လက်ရာတို့နှင့်ဓားရှည်တစ်ချောင်းသည် ကျောပြင်ကျယ်ပေါ်တွင် တင့်တယ်နေ၏။နှုတ်ခမ်းမွှေးစစ ပါးသိုင်းမွေးရေးရေးနှင့်အနှီကိုယ်လူချောကိုဖြင့် ဈေးသည်မိန်းမပျိုများမှာ သူ့ထက်ငါ အလျင်ခေါ်၍ ဈေးရောင်းရဖို့ရန် ကြိုးပမ်းအားထုတ်ကြသည်။မိန်းမပျိုတစ်ဦးမှာ အင်္ကျီကို ရင်ဘတ်ပေါ်နည်းနည်းဆွဲချ၍ အပြုံးမို့မို့သုံးကာ ဖိတ်ခေါ်သည်။

" ဟို မောင်ကြီးရှင့် ၊ ဇနီးအတွက် သားအတွက် မုန့်ပဲသရေစာ‌လေးများ ဝယ်လို့ရပါတယ်နော်။လတ်လတ်ဆတ်ဆတ်နဲ့ဆွေမျိုးမေ့သွားစေမဲ့ နတ်သုဒ္ဓါလိုအရသာမျိုးကို မဝယ်လို့နောင်တရသွားမယ်။အားပေးပါဦးရှင့်"

ပိတောက်တစ်ခက်ထန်းတစ်လက်Where stories live. Discover now