About Second Edition!
558 42 6
Unicode...
Hello, zincပါ။
စိန်ပလိန်တိန်တို့ကို ပထမအကြိမ်တုန်းက မမှီလိုက်လို့ လိုချင်​​နေတဲ့စာဖတ်သူတို့အတွက် ဒုတိယအကြိမ်ထပ်ထုတ်ဖို့ ဆုံးဖြတ်ဖြစ်ပါတယ်။
စာရွက်​ဈေး​တွေတက်​နေတာဆိုတာသိပါတယ်။ ​ဈေး​တွေက တစ်​​နေ့တခြားပိုပြီးပဲတက်​နေတာမို့ အခုပဲဖြစ်ဖြစ် အဆင်​ပြေ​ပြေထုတ်လိုက်ရင်​ကောင်းမလားလို့ ​တွေးမိတာ​ကြောင့် အခုလိုဆုံးဖြတ်လိုက်တာပါ။
ဒုတိယအကြိမ်မှာ အဇင့်အ​နေနဲ့ ပထမအကြိမ်ထက်ပိုကောင်း​အောင် ပြင်ဆင်​နေပါတယ်။
အဓိကက​တော့ စာလုံး​ပေါင်းသတ်ပုံနဲ့ ​ရေးနည်းပါ။
အဇင့်က သတ်ပုံမှားတတ်တဲ့စာ​ရေးသူမျိုးမဟုတ်​ပေမဲ့ ပထမအကြိမ်စာအုပ်ကို ပြန်ဖတ်ကြည့်ရာမှာ တချို့သတ်ပုံ​အမှား​တွေကိုရှာ​တွေ့ပါတယ်။ ဒါ​ကြောင့် ဒီတစ်​ခေါက် ပိုပြီးမှန်ကန်​အောင် ​သေချာပြန်စစ်​ပေးပါမယ်။
​နောက်ထပ် ​ရေးနည်းပါ။ စိန်ပလိန်တိန်မှာ အဇင့်က POV​တွေနဲ့ စကား​ပြော​ရေးနည်း​​​ကို အဓိက​​သုံးထားပြီး စာ​ရေးသူPOVအ​နေနဲ့​ပြောချင်တဲ့အခါမှာ "**" ​လေး​တွေနဲ့ စကား​ပြေလို​ရေးထားတာ အားလုံးသတိထားမိကြမှာပါ။ ဒုတိယအကြိမ်မှာ​တော့ အဇင့်က တစ်အုပ်လုံးကို စကား​ပြေသီးသန့်ချည်းဖြစ်ချင်တဲ့အတွက် စာ​ရေးသူPOVကိုလည်း စကား​ပြေ​ပြောင်း​ရေးဖြစ်ပါမယ်။
​ပထမအကြိမ်မှာပါခဲ့တဲ့ Special Extra​တွေလည်း ပါပါ့မယ်​နော်။
ကာဗာကိုလည်း ​ပထမအကြိမ်နဲ့မတူတဲ့ conceptမျိုးနဲ့ အလှဆုံးဖြစ်​အောင် ပြင်ဆင်​နေပါတယ်ရှင်။😁
Double N - Book Publishing House က​နေ 4လပိုင်းမှာ ထွက်ရှိဖို့ စီစဉ်ထားပါတယ်။
စာအုပ်နဲ့ပတ်သက်တဲ့ Update ​တွေကို ဒီPageက​နေ​စောင့်ကြည့်လို့ရပါတယ်ရှင်❣
အဇင့်ရဲ့မုန့်လင်လင်​လေး​တွေကို အခုချိန်ထိ အမြတ်တနိုးရှိ​ပေးကြတဲ့တစ်​ယောက်စီတိုင်းကို ​ကျေးဇူးတင်ပါတယ်။❣❣
အဇင့်ရဲ့မုန့်လင်လင်​လေး​တွေကို အခုချိန်ထိ အမြတ်တနိုးရှိ​ပေးကြတဲ့တစ်​ယောက်စီတိုင်းကို ​ကျေးဇူးတင်ပါတယ်။❣❣
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
.
.
.
Zawgyi...
Hello, zincပါ။
ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now