🦋ep1 .U

1.5K 68 4
                                    

ကိုကိုလေး 💙BL

#ဦးငယ်

အပိုင်း ၁

လူတစ်ယောက်ဟာ
လူတစ်ယောက်အတွက်
ပေးဆပ်ဖို့ မွေးလာတယ်လို့
ကျွန်တော် ဘယ်ထင်မိမှာလဲ။

သူ့နာမည်ကတော့ မင်းခေတ်သွင်တဲ့။
ကျွန်တော်ကတော့ ကိုကိုလေးလို့ပဲ
တရိုတသေခေါ်မိတယ်။

ကိုကိုလေး။

အဲ့ဒီလူသားလေး ကျွန်တော်ရှိရာ
ရပ်ဝန်းကို မရောက်လာခင်အထိတော့
ကျွန်တော်ဘဝက အပျံသင်စ ငှက်လေးလိုပဲ။

လွတ်လပ်တယ်။
ပျော်သင့်သလောက် ပျော်ရတယ်။
ဒါပေမဲ့ ကိုကိုလေးဆိုတဲ့ လူကို
အသက်တမျှချစ်မိသွားလို့
အသက်ရှင်ရတာ သိပ်တန်လွန်းခဲ့ပါတယ်။

ကျွန်တော် ကိုကိုလေးကို
သိပ်ချစ်ခဲ့ပါတယ်။

💙🦋💙

''ညီငယ် မင်းနာမည် ညီငယ်နော်''

''ဟွင် ဘာလို့ အစ်ကိုက သားအိပ်ခန်းထဲ
ရောက်နေတာလဲ အစ်ကိုက ဘယ်သူလဲ''

''ငါ့နာမည် မင်းခေတ်သွင်''

''ဟင် အဲ့ဒီတော့
မေမေရေ မေမေ သားအခန်းထဲကလူက
ဘယ်သူလဲ ဘာလို့ ရောက်နေတာလဲလို့''

မဲ့တဲ့တဲ့ မျက်နှာလေးနဲ့ အမေကို
ရှာ တန်းတိုင်တော့ ကိုယ်တော်ချောက
အရေးတောင်မလုပ်။

''ဟဲ့ သား အော် တိုးတိုးပြောစမ်းပါ
မင်း ထမင်းငတ်သွားချင်တာလား ပြော''

''ဘယ်သူလဲလို့ မေမေရ''

''တော်တိတ် ညရောက်မှ
မေမေ သေချာပြောပြမယ်
အခု ဘောလုံးကန်လာတာမလား
ပေပွနေတာ သွား ရေသောက်ပြီး
ရေချိုးတော့''

''ဟုတ်''

မနာခံချင်သော်လည်း မရ။
သူစိမ်းလူအကြောင်း အမေ
စကားတစ်ခွန်းမဟ။

''အမြန်ချိုးလေကွာ လေအေးနေတာ''

''ဟွင်း ဒါ သားသဘောပါ''

အိမ်ပေါ်ကနေ လျှာရှည်နေသောသူကို
သဘောမကျ။ မျက်စောင်းရွယ်
ပြောမိသည်။

'' နို့သီးတွေကလည်း နီရဲနေတာပဲ''

''ဟာ အေးနော် သူဖြင့် ဗလမရှိပဲ
သူများကို လိုက်ကဲ့ရဲ့နေ''

KoKoLay 🦋BL ficWhere stories live. Discover now